www.theravada-3p.org


 Home

 
About Us

 
Vipassana

 
Knowledge


Forum


Contact Us 

 

 


အပါယ်ပိတ် တရား


ဓမ္မ ၏ ပင်ကိုယ်သတ္တိ

အပါယ်သို့ ကျရောက်ပုံ

လူ့ဘ၀ရခဲခြင်းနှင့် သံသရာ ရှည်လှပုံ

ဝိပဿနာ အဓိပ္ပါယ်

ဝိပဿနာ ကို ဘာကြောင့်အားထုတ်သင့်သလဲ

အပါယ်ပိတ်အောင် ကြိုးစားကြဖို့ တိုက်တွန်းခြင်း

အရိယာပုဂ္ဂိုလ် ဖြစ်ပုံ

ပညတ် ပရမတ်(ပရမတ္ထ)

အပါယ်ပိတ်တရား ( Video )

無幸処(悪趣)の門を閉じる法 

 


ဗုဒ္ဓသာသနာတော်သည် သန့်  ရှင်းပါမှ

တည်
  တံ့ပြီး
တည်တံ့ပြီးမှ သာလျှင်

ပြန့်  ပွား  နိုင်မည်။

ဝိပဿနာ ဘာဝနာ အဓိပ္ပယ် နှင့် ဘာကြောင့်အားထုတ်သင့်သလဲ?


ယောဂီအပေါင်းတို့ ၀ိပဿနာဘာဝနာကို ပွားများကြရန် ဘုရားရှင်ကိုယ်တော်မြတ်ကြီးက အထူးတိုက်တွန်းခဲ့ ပါတယ်။ မြတ်စွာဘုရားပွင့်တော် မူလာ ခြင်းဟာလည်း လူသားအားလုံးအတွက်သာမက သတ္တ၀ါအားလုံး သံသရာ ၀ဋ်ဆင်းရဲမှ လွတ်မြောက်ပြီး ပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့ ပွင့်လာခြင်းဖြစ်ပါတယ်။ဒီနေရာမှာ ပန်းတိုင်နှင့်နိဗ္ဗာန်ကို ရှင်းလင်းတင်ပြပါမယ်။ ပန်းတိုင်ဆိုတာကတော့ လူသားတိုင်းဘာပဲ လုပ်လုပ် ပန်းတိုင်ဟာရှိပြီး သားပါ။ ပန်းတိုင်ရောက်ဖို့အတွက် နည်းလမ်းတွေနည်းစနစ်တွေ ရှိပါတယ်။ လူတွေ ဟာ ကြိုးစားအားထုတ်ဖို့ပဲ လိုပါတယ်။

ဥပမာ-စီးပွားရေးသမားများရဲ့ပန်းတိုင်ဟာ တစ်နေ့တစ်ချိန်ကျလျှင် ဥစ္စာစည်းစိမ် ပြည့်ပြည့်၀၀နဲ့ နေချင်ကြတယ်။ ဒီတော့ နေ့စဉ်ဝင်ငွေကောင်းပြီး အမြတ်အစွန်းများများရရှိဖို့ နည်းလမ်းတွေ၊ နည်းစနစ်တွေနဲ့ ကြိုးစားအားထုတ် နေရမှာဖြစ်ပါတယ်။ပညာရေးရဲ့ ပန်းတိုင်ဟာလည်း ဘွဲ့ရရှိဖို့ဖြစ်ပြီး ဒီဘွဲ့ရရှိဖို့အတွက် တစ်နှစ်တစ်တန်းမှန်မှန်အောင် အောင် ကြိုးစားရမှာဖြစ်ပါတယ်။ တစ်နှစ်တစ်တန်းမှန်မှန်အောင်ဖို့အတွက် နေ့စဉ်နေ့တိုင်း စာကြိုး စားဖို့ လိုပါတယ်။အားကစားသမားရဲ့ပန်းတိုင်ကတော့ အောင်နိုင်ရရှိရေး၊ ဆုတံဆိပ်ရရှိရေးအတွက် အစွမ်းကုန် ကြိုးစား ရမှာဖြစ်ပါတယ်။ ကမ္ဘာ့ ဖလားဘောလုံးပြိုင်ပွဲကို ကြည့်မယ်ဆိုရင် ဘောလုံးအားကစားသမားတွေဟာ ပန်းတိုင်ဖြစ်တဲ့ ကမ္ဘာ့ဖလားကြီးကို ရရှိဖို့အတွက် လိုချင်စိတ်ဆိုတဲ့(လောဘ)နဲ့ ကြိုးစားကြတာ ဖြစ်ပါတယ်။ ပြိုင်ပွဲမရောက်မချင်း ကမ္ဘာ့ဖလားကြီးကို စိတ်ကူးယဉ်တွေးတောနေပြီး (မောဟ)ဖြစ်နေပြန်တယ်။ ပြိုင်ပွဲ ၀င်ပြိုင်တော့(ဒေါသ)တွေ ပါလာပြီး အပြစ်( foul )တွေများများ ပါလာတောဒိုင်လူကြီးမှ အ၀ါကတ်ပြ၊ အနီကတ်ပြကာ ကွင်းအတွင်းမှ ထုတ်ပစ်ခံရ တော့ပန်းတိုင်ဖြစ်တဲ့ ကမ္ဘာ့ဖလားနဲ့ဝေးခဲ့ရတယ်။

ဒီတော့ ဗုဒ္ခသာသနာရဲ့ပန်းတိုင်ဟာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့ ဖြစ်ပါတယ်။ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ဖို့အတွက် လမ်းကြောင်းတွေ၊ နည်းစနစ်တွေ ရှိပြီးသားပါ။ မိမိဘက်က လောဘ၊ ဒေါသ၊ မောဟတွေ ချုပ်ငြိမ်းပြီး နည်းစနစ်ကျနစွာကြိုးစားအားထုတ်မယ်ဆိုရင် နိဗ္ဗာန်မျက် မှောက်ပြုမှာဖြစ်ပါတယ်။ လောဘ၊ ဒေါသ၊ မောဟတွေ မချုပ်ငြိမ်းလို့ကတော့ အပါယ်ကို မောင်းထုတ်ခံရမှာဖြစ်ပါတယ်။နိဗ္ဗာန်ဆိုတာ ကျွန်တော်တို့ နားမလည်စဉ်က ဟိုအပေါ်မှာရှိတယ်လို့ ထင်ခဲ့ကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ငယ်စဉ်ကတည်းက ဘုရားရှိခိုး၊ကောင်းတာလေးများ လုပ်လိုက်ရင် မိဘ၊ လူကြီးသူကြီးများက မိုးပေါ်ကို လက်ညှိုးထိုးပြပြီး နတ်ပြည်ရောက်မယ်၊ နိဗ္ဗာန်ရောက်မယ။၊ ဆဲဆိုလိုက်လို့ မကောင်းတာများ လုပ်လိုက်မိရင် မြေကြီးကို လက်ညှိုးထိုးပြပြီး အ၀ီစိရောက်မယ်၊ ငရဲပြည်ရောက်မယ်ဆိုပြီး နေရာညွှန်ပြထားတာ ကြီးတဲ့အထိ စွဲသွားတယ်။ မိဘနှစ်ပါးလည်းဆုံးရော မီးသင်္ဂြိုဟ်လိုက်တော့ မီးခိုးလုံးကြီး မိုးပေါ်တက်သွားတာကြည့်ပြီး ကျွန်တော်တို့မောင်နှမတွေဟာ လက်အုပ်ချီပြီး "အဖေ၊ အမေ နိဗ္ဗာန်ရောက်ပါစေ" ဆိုပြီး ဆန္ဒတွေ ဖြစ်ပေါ်လာပါတယ်။

နားလည်းလည်ရော နိဗ္ဗာန်ဆိုတာမိုးပေါ်မှာလည်းမရှိ၊ နေရာညွှန်ပြ၍လည်းမရ၊ ကိုင်တွယ်ပြလို့လည်း မရ၊ ဆုတောင်းပေးလို့လည်းမရ၊ မိဘနှစ်ပါးမ ဆုံးခင်ကတည်းက ကိုယ်တိုင်ဆုတောင်းသွားလို့လည်း မရဘဲ၊ ကိုယ်တိုင်လေ့ကျင့်မှသာ နိဗ္ဗာန်ကို မျက်မှောက်ပြုမှာဖြစ်ပါတယ်။ အားလုံးမြင်သာအောင် အဓိပ္ပါယ်ဖွင့် ဆိုရမယ်ဆိုရင် နိဗ္ဗာန်ဆိုတာ "ကိလေသာနှင့် ဒုက္ခဆင်းရဲခြင်းအပေါင်း ချုပ်ငြိမ်းခြင်းကြောင့် မိမိ၏သဏ္ဌာန်တွင် ဖြစ်ပေါ်လာသော အငြိမ်းဓာတ်" ဆိုတော့ ကိုယ်တိုင်ကျင့်မှ ကိုယ်တိုင်မျက်မှောက်ပြုရမယ့်သဘောပါပဲ။ဗုဒ္ဓသာသနာရဲ့ပန်းတိုင်ဖြစ်တဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုဖို့အတွက် လမ်းကြောင်းတွေ၊ နည်းစနစ်တွေကို ဘုရားရှင်ကိုယ်တော်မြတ်ကြိးက ချမှတ်ပြီးသားပါ။ မိမိဘက်က ကြိုးစားအား ထုတ်ရ မှာဖြစ်ပါတယ်။ လမ်းကြောင်းကတော့ တစ်ကြောင်းတည်းသောလမ်း ဧကယန ဆိုတဲ့ မဟာသတိပဋ္ဌာန် လမ်းမကြီးပဲ ဖြစ်ပါ တယ်။ 'မဟာ'ဆိုတာ ကြီးမားမြင့်မြတ် လှစွာသော'သတိ'ဆိုတာ ပစ္စုပ္ပန်တည့်တည့် ဖြစ်စဉ်တိုင်းပေါ်မှာသိသိနေတယ်၊ အမှတ်ထားတယ်၊ အောက်မေ့တယ်၊'ပဋ္ဌာန်'ဆိုတာ-ပဋ္ဌာန ကလာတာဖြစ်ပါတယ်။ မြဲမြံစွာတည်ထားခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ဒီတော့ မဟာသတိပဋ္ဌာန် ဆိုတာ ကြီးမားမြင့်မြတ်လှစွာသော သတိတရားဖြင့် တည်ထားခြင်း လို့ အဓိပ္ပာယ်ရပါတယ်။

အဲဒီမဟာသတိပဋ္ဌာန်လမ်းမကြီးကို မျဉ်းဖြူနဲ့(၃)လိုင်းအပြိုင်ဆွဲလိုက်မယ်ဆိုရင်- (၁)ကာယာနုပဿနာ (၂)ဝေဒနာနုပဿနာ၊ (၃) စိတ္တာနုပဿနာ၊ (၄)ဓမ္မာနုပဿနာ ဆိုပြီး (၄)ပါးရရှိမှာ ဖြစ်ပါတယ်။ ကြိုက်တာနဲ့ပွားများကြပါ၊ နောက်ဆုံးနိဗ္ဗာန်ကို မျက်မှောက်ပြုမှာ ဖြစ်ပါတယ်။ ဥပမာ-ရန်ကုန်-မန္တလေးလမ်းမကြီးကို မျဉ်းဖြူနဲ့ (၃)လိုင်းအပြိုင် ဆွဲလိုက်ရင် လမ်း(၄)လမ်းရရှိမှာ ဖြစ်ပါတယ်။ ကြိုက်တဲ့လမ်းကသွား၊ မန္တလေးကို ရောက်သွားမှာပါ။ ဘာကြောင့် အဲဒီလို ခွဲထုတ်ပေးရလဲဆိုရင် လူတွေသံသရာလည်တာကိုကြည့်ရင် ဒိဋ္ဌိနဲ့တဏှာ ကြောင့်ဘဲ ဖြစ်ပါတယ်။ နောက်ဆုံးလူဖြစ်လာ ရင်လည်း စရိုက်လေးတွေက အမျိုးမျိုးအဖုံဖုံဆိုတော့ မိမိစရိုက်နဲ့ကိုက်ညီမယ့်လမ်းကို ရွေးချယ်ရမှာဖြစ်ပါတယ်။

တဏှာ (လောဘ) များပြီး ဉာဏ်ထိုင်း တဲ့လူတွေက ကာယာနုပဿနာ နဲ့ ပွားများရမှာ ဖြစ်ပြီး တဏှာ(လောဘ) များပြီး ဉာဏ်ထက်တဲ့သူတွေက ဝေဒနာနုပဿနာ နဲ့ ပွားများရမှာဖြစ်ပါတယ်။ ဒိဋ္ဌိများပြီး ဉာဏ်ထိုင်း တဲ့သူကျတော့ စိတ္တာနုပဿနာ နဲ့ပွားများရမှာဖြစ်ပြီး ဒိဋ္ဌိ များပြီး ဉာဏ်ထက် တဲ့သူကျတော့ ဓမ္မာနုပဿနာ နဲ့ ပွားများရမှာ ဖြစ်ပါတယ်။ နုပဿနာ ဆိုတာ အဖန်တလဲလဲ ပွားများခြင်းလို့အဓိပ္ပယ်ရပါတယ်။ အဲဒီလို ပွားများကြတဲ့အခါမှာ သဘာဝ ဆိုတဲ့ မူပိုင်လက္ခဏာ တွေဟာ ကွဲလွဲနေကြပေမယ့် သာမည ဆိုတဲ့ ပုံမှန်လက္ခဏာ မှာ သွားတူနေကြမှာ ဖြစ်ပါတယ်။ သဘာဝ ဆိုတဲ့ မူပိုင်လက္ခဏာနဲ့ သာမည ဆိုတဲ့ပုံမှန်လက္ခဏာကို ရှင်းပြရမယ်ဆိုရင် -
ဥပမာ ။ ။ မဖြူနဲ့မညိုတို့ အမျိုးသမီးနှစ်ယောက်တွင် မဖြူသည်ဖြူဖြူ၀၀၊ မညိုသည် ညိုညိုပိန်ပိန်လို့ဆိုရင် ဒါဟာသူတို့ရဲ့ သဘာဝ မူပိုင်လက္ခဏာတွေဟာ ကွဲလွဲနေကြပေမယ့်၊ ၎င်းတို့နှစ်ဦးစလုံးသည် အမျိုးသမီးများဖြစ်ကြသည်ဆိုတဲ့ သာမည ပုံမှန်လက္ခဏာတွေဟာ သွားတူနေပါတယ်။

နောက်တစ်ခု ဥပမာပေးရမယ်ဆိုရင် ရွှေတိဂုံဘုရားကို ဘယ်ဘက်မုခ်ကပဲ တက်တက် သဘာဝ ဆိုတဲ့ မူပိုင်လက္ခဏာ တွေဟာ ကွဲလွဲနေကြမှာပါ။ အရှေ့ဘက်မုခ်က တက်တဲ့သူကဗဟန်းဈေးကြီးမြင်လာမယ်။အနောက်ဘက်မုခ်ကတက်တဲ့သူက စက်လှေခါးကြီး၊ တောင်ဘက်မုခ်က တက်တဲ့သူက ဓာတ်လှေခါးကြီး မြောက်ဘက်မုခ်ကတက်တဲ့သူက အာဇာနည်ဗိမာန်ကြီးတွေ့ခဲ့မယ်။ နောက်ဆုံး ရင်ပြင်ပေါ်ကို ရောက်သွားကြတဲ့အခါမှာ သာမည/ ပုံမှန်လက္ခဏာ တွေဟာ သွားတူနေမှာ ဖြစ်ပါတယ်။ ဒီတော့ သတိပဋ္ဌာန်(၄)ပါးထဲမှာ ကြိုက်တာနဲ့ ပွားများပါ။ နောက်ဆုံးသာမညဆိုတဲ့ ပုံမှန်လက္ခဏာရောက်သွားရင် ၀ိပဿနာဉာဏ်ရောက်ပါပြီ။

(၁) ၀ိပဿနာ ဘာဝနာအဓိပ္ပာယ်

(၂) ၀ိပဿနာ ဘာဝနာ ဘာကြောင့်အားထုတ်သင့်သလဲ
 

Email :  Admins@theravada-3p.org
URL   :   www.theravada-3p.org
Tel : 01 - 382 111

   Contact Us 
တိပိဋက ဓမ္မရက္ခိတ ဗိမာန်တော်
အမှတ်(၁၅)၊ ကြားတောရလမ်း၊ဗဟန်းမြို့နယ်
(ရွှေတိဂုံဘုရားရှေဘက်ကြေးသွန်းဘုရားကြီးအနီး) ရန်ကုန်။

 
 

Copyright © 2007 www.theravada-3p.org

Created by CREATiVE Web Studio

blog counter