www.theravada-3p.org


 Home

 
About Us

 
Vipassana

 
Knowledge


Forum


Contact Us 

Download Myanmar Font

 


အပါယ်ပိတ် တရား


ဓမ္မ ၏ ပင်ကိုယ်သတ္တိ

အပါယ်သို့ ကျရောက်ပုံ

လူ့ဘ၀ရခဲခြင်းနှင့် သံသရာ ရှည်လှပုံ

ဝိပဿနာ အဓိပ္ပါယ်

ဝိပဿနာ ကို ဘာကြောင့်အားထုတ်သင့်သလဲ

အပါယ်ပိတ်အောင် ကြိုးစားကြဖို့ တိုက်တွန်းခြင်း

အရိယာပုဂ္ဂိုလ် ဖြစ်ပုံ

ပညတ် ပရမတ်(ပရမတ္ထ)

အပါယ်ပိတ်တရား ( Video )

無幸処(悪趣)の門を閉じる法 

 


ဗုဒ္ဓသာသနာတော်သည် သန့်  ရှင်းပါမှ

တည်
  တံ့ပြီး
တည်တံ့ပြီးမှ သာလျှင်

ပြန့်  ပွား  နိုင်မည်။

ဝိပဿနာ ဘာဝနာ ဘာကြောင့်အားထုတ်သင့်လဲ


(၁) ၀ိပဿနာ ဘာဝနာအဓိပ္ပယ်

(၂) ၀ိပဿနာ ဘာဝနာ ဘာကြောင့်အားထုတ်သင့်သလဲ

 

ဝိပဿနာ ဘာဝနာ ဘာကြောင့်အားထုတ်သင့်သလဲ
 

ဝိပဿနာဘာဝနာ ဘာကြောင့်အထားထုတ်သင့်သလဲဆိုရင် -(၁)ဘုရားအကြိုက် (၂)ကိုယ့်အကြိုက် ဖြစ်ပါတယ်။ ဘာကြောင့် ဘုရား အကြိုက်လဲလို့ဆိုရရင် မြတ်စွာဘုရားလက်ထက်က ၀က္ကလိဆိုတဲ့ ရဟန်းတစ်ပါးရှိတယ်။ အဲဒီရဟန်းဟာ မြတ်စွာဘုရားကို တစ်နေကုန် မျက်တောင်မခတ်ဘဲ ရှိခိုးပူဇော်နေတယ်။ အဲဒီအခါမှာ မြတ်စွာဘုရားက ငါ၏အသုဘခန္ဓာကြီးကို ရှိခိုးနေ၍ အကျိုးမရှိ၊ ငါခိုင်းတဲ့တရားများကိုသာ လေ့ကျင့်ရှုမှတ်ပါ။ ငါခိုင်းတဲ့တရားများကို မလေ့ကျင့်ဘဲငါ့အနီးနားမှာတစ်နေကုန်ရှိခိုးနေရင်ငါနဲ့နီးနေပေမယ့်၊ အနန္တစကြ၀ဠာအပြင်ဘက်ရောက်နေသလို ပါဘဲ။ ငါခိုင်းတဲ့တရားများကို လေ့ကျင့်ရှုမှတ်နေရင်တော့ အနန္တစကြာဝဠာဝေးနေပါစေ၊ ငါ့အနီးနားမှာပူဇော်ရာရောက်ပေတယ်လို့ မိန့်တော်မူခဲ့ပါတယ်။ ဒါပေမယ့် အဲဒီရဟန်းက မလေ့ကျင့်တဲ့အတွက် ဘုရားရှင်က ကျောင်းတိုက်ကနေ နှင်ထုတ်ခဲ့ပါတယ်။ ဒါကို  ကြည့်ခြင်းအားဖြင့် ဘုရားရှင်အလိုတော်ကျသည် ရှိခိုးနေရုံမျှ မနှစ်သက်ဘဲ တရားတော်များအား လေ့ကျင့်ရှုမှတ်ခြင်းကိုသာစေခိုင်းခဲ့ခြင်းဖြစ်ပါတယ်။

 

ဒုတိယဥပမာကိုပြောရမယ်ဆိုရင် ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်က ပေါဋ္ဌိလဆိုတဲ့ မထေရ်ကြီးတစ်ပါးဟာလည်း လွန်ခဲ့သော ဘုရား(၇)ဆူ လက်ထက်ကတည်းက ပိဋကတ်သုံးပုံအာဂုံဆောင်ပြီး တပည့်ရဟန်း(၅၀၀)စီရှိသော ဂိုဏ်းကြီး(၁၈)ဂိုဏ်းကို စာပေပို့ချသင်ကြားပေးနေပြီး  ကိုယ်တိုင်မကျင့်ခဲ့ပါဘူး။ ဒါကြောင့် မဂ်ဉာဏ်၊ဖိုလ်ဉာဏ်၊ နိဗ္ဗာန်ကို မမြင်မသိတဲ့အတွက် ဂေါတမမြတ်စွာဘုရားက တုစ္ဆပေါဋ္ဌိလဟု ကဲ့ရဲ့တော်မူခဲ့ပါတယ်။ တုစ္ဆဆိုတာ အချည်းနှီး၊ သိမ်ဖျင်း၊ ညံ့ဖျင်းတယ်ဆိုတော့ ပေါဋ္ဌိလကြီးဟာ အလွန်ရှက်သွားပြီး တောကျောင်းတစ်ခု၌ (၇)နှစ်အရွယ် ရဟန္တာသာမဏေငယ်ထံမှာ ကမ္မဋ္ဌာန်းတရားများကို သူ့ရဲ့ စာမန်(မာန)တွေချပြီး သင်ယူအားထုတ်လိုက်တဲ့အခါမှာ ရဟန္တာကြီးဖြစ်သွားခဲ့ပါတယ်။


ဒါကို ကြည့်ခြင်းအားဖြင့်လည်း ဘုရားရှင်၏ အလိုတော်ကျသည် စာတတ်နေရုံဖြင့် လမ်းမဆုံးဘဲကိုယ်တိုင် ခန္ဓာမှာတရားကျင့်ပြီး သိမြင်ရန်ကိုသာ နှစ်သက်တော်မူပေသည်။ ဒါဟာ ဘုရားအကြိုက် ဥပမာနှစ်ခုပဲ ဖြစ်ပါတယ်။အခုခေတ်မှာ ပန်း၊ ဆွမ်း၊ ရေချမ်း၊ ဆီမီး၊ အမွှေးတိုင်တွေနဲ့ ပူဇော်နေကြတာဟာ သဒ္ဓါတရားထက်သန်လို့ ပူဇော်တာ ကုသိုလ်ရစေပါတယ်။ ဘုရားကြိုက်တယ်လို့ ဘယ်သုတ္တာန် ကမှလဲ မဟောထားပါဘူး။ ဘုရားအကြိုက် တကယ်ပူဇော်ချင်ရင် ၀ိပဿနာနဲ့ပူဇော်ခြင်းသည်သာ ဘုရားရှင်အနှစ်သက်ဆုံး ဖြစ်ပါ တယ်။ကိုယ့်အကြိုက်ကို ပြောရမယ်ဆိုရင် ဒါန၊ သီလ၊ သမထဘာဝနာတွေဟာ တခြားဘာသာတွေမှာလဲ ရှိတယ်။ သာသနာပမှာလည်းရှိပြီး ၀ိပဿနာဘာဝနာကတော့ ကျွန်တော်တို့ ဗုဒ္ဓသာသနာမှာဘဲ ရှိတဲ့အတွက်က တစ်ကြောင်း၊ ၀ိပဿနာဟာသံသရာပြတ်စေတဲ့ ဉာဏ်လမ်းကြောင်းဖြစ်ပြီး ဒါန၊ သီလ၊ သမထဘာဝနာကျတော့ ကံလမ်းကြောင်းဖြစ်တဲ့အတွက် အကျိုးပေးရှိလျှင်ရှိသလောက် အကျိုးပေးနိုင်ပြီး အကျိုးပေးပြီးလျှင် ကုန်ကုန်သွား၍ မိမိအိတ်ကပ်ထဲက ပိုက်ဆံလိုပါဘဲ၊ သုံးလေကုန်လေ အောက်သို့ပြန်ဆင်းကြရမှာဖြစ်ပါတယ်။

 

ဥပမာ။    ။ ဒီလက်ညှိုးထောင်ထားတာကို ကြည့်မယ်ဆိုရင် လက်သန်းသန်းဒါန(မူလတန်းအဆင့်)၊ လက်သူကြွယ်သည် သီလ(အလယ်တန်းအဆင့်)၊ လက်ခလယ်သည် သမထ(အထက်တန်းအဆင့်)လို့ ဆိုကြပါစို့။ ၎င်းင်းတို့သုံးခုစလုံးသည် ကံလမ်းကြောင်း ဖြစ်တဲ့အတွက် အကျိုးပေးရှိလျှင် ရှိသလောက် အကျိုးပေးကြပြီး အကျိုးပေးကုန်လျှင် အောက်သို့ပြန်ဆင်း ကြမှာဖြစ်တဲ့ အတွက် အောက်သို့စိုက်ထားခြင်း ဖြစ်ပါတယ်။ ယနေ့ ဗုဒ္ဓသာသနာဝင်အများစုဟာ ဒါန၊ သီလ၊ သမထ ဘာဝနာကို လုပ်ကြပါတယ်။ ဒါန- လှူဒါန်းခြင်းကို မြေကြီးကနေ တာဝတိံသာထိ ပုံပြီးလှူ၊ သီလ - ကိုယ်ကျင့်တရားကို ကြိုက်သလောက်ထိန်း၊ သမထကိုလည်း မြေလျှိုး၊ မိုးပျံကြိုက်သလောက်ကျင့် ဒါတွေလုပ်လို့ အပါယ်က မလွတ်နိုင်တဲ့အတွက် နိဗ္ဗာန်နဲ့ အင်မတန်ဝေးပါတယ်။ ပညာရေးနဲ့ ကြည့်လျှင် (၁၀)တန်း မအောင်သေးတဲ့အတွက် ပညာရေးပန်းတိုင်ဖြစ်တဲ့ ဘွဲ့ရဖို့ ဝေးပါသေးတယ်။ ဒီထောင်ထားတဲ့ လက်ညှိုးကတော့ဝိပဿနာဘာဝနာ (တက္ကသိုလ်အဆင့်) ဖြစ်တဲ့အတွက် ဘွဲ့ရဖို့ မဝေးတော့ပါဘူး။ ဒါကြောင့် ဉာဏ်အကျိုးပေးဖြစ်တဲ့ ၀ိပဿနာဘာဝနာ လက်ညှိုးကို အပေါ်ထောင်ပြထားခြင်းဖြစ်ပါတယ်။ အကျိုးပေးရှိလျှင် ရှိသလောက်သုံးလေ၊ တိုးလေ အပေါ်သို့တက်၍ နောက်ဆုံးတွင် မြတ်နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်တဲ့အတွက် ကိုယ့်အကြိုက်ဖြစ်ပါတယ်။

           
ဒီတော့ ယောဂီသူတော်စင် အပေါင်းတို့ ဗုဒ္ဓသာသနာမှာ လူဖြစ်လာရတဲ့အတွက် (၁) လူဖြစ်ရကျိုးနပ်ဖို့ ၀ိပဿနာအလုပ်ကို လုပ်ရမှာ ဖြစ်ပါတယ်။ ၀ိပဿနာမလုပ်သေးရင်တော့ (၂) သာသနာနဲ့မှီတယ်လို့ မပြောနိုင်ပါဘူး၊ လူဖြစ်ရကျိုးလည်း မနပ်ပါဘူး။ ဒီတော့ ၀ိပဿနာအားထုတ်ဖို့ အထူးတိုက်တွန်းလိုပါတယ်။
ဆက်လက်ပြီးတော့ ၀ိပဿနာအားထုတ်ခြင်း၏ အကျိုးတရားများကိုလည်း ဆွေးနွေးတင်ပြသွားမှာဖြစ်ပါတယ်။ ၀ိပဿနာအားထုတ်ခြင်းဖြင့် -

(၁) ကျန်းမာရေးကောင်းတယ်
(၂) အနေတတ်တယ်
(၃) အသေတတ်တယ်
(၄) မဂ်ဖိုလ်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါတယ်

 

Email :  Admins@theravada-3p.org
URL   :   www.theravada-3p.org 
Tel : 01 - 704 780, 727 223

   Contact Us 
လှည်းကူးမြို့နယ်၊ ငါးဆူတောင် ရပ်ကွက်၊
ငါးဆူတောင်ကျေးရွာ၊ မြင့်မြတ်အလင်း ရိပ်သာ။
 

 
 

Copyright © 2007 www.theravada-3p.org

Created by CREATiVE Web Studio

blog counter