www.theravada-3p.org


 Home

 
About Us

 
Vipassana

 
Knowledge


Forum


Contact Us 

Download Myanmar Font

 


အပါယ်ပိတ် တရား


ဓမ္မ ၏ ပင်ကိုယ်သတ္တိ

အပါယ်သို့ ကျရောက်ပုံ

လူ့ဘ၀ရခဲခြင်းနှင့် သံသရာ ရှည်လှပုံ

ဝိပဿနာ အဓိပ္ပါယ်

ဝိပဿနာ ကို ဘာကြောင့်အားထုတ်သင့်သလဲ

အပါယ်ပိတ်အောင် ကြိုးစားကြဖို့ တိုက်တွန်းခြင်း

အရိယာပုဂ္ဂိုလ် ဖြစ်ပုံ

ပညတ် ပရမတ်(ပရမတ္ထ)

အပါယ်ပိတ်တရား ( Video )

無幸処(悪趣)の門を閉じる法 

 


ဗုဒ္ဓသာသနာတော်သည် သန့်  ရှင်းပါမှ

တည်
  တံ့ပြီး
တည်တံ့ပြီးမှ သာလျှင်

ပြန့်  ပွား  နိုင်မည်။

ဝိပဿနာ ဘာဝနာ ဘာကြောင့်အားထုတ်သင့်လဲ » ကျန်းမာရေးကောင်း

ကျန်းမာရေးကောင်းတာနဲ့ပတ်သက်ပြီး တင်ပြရမယ်ဆိုရင် ကျန်းမာရေးဆိုတာ လူသားအားလုံး အတွက်သာမက သတ္တ၀ါအားလုံးမှာလည်း အရေးကြီးပါ တယ်။ တိရိစ္ဆာန်မွေးမြူရေးလုပ်တဲ့သူဆို ပိုသိပါတယ်။ မိမိမွေးထားတဲ့ ကြက်၊ ၀က် တိရိစ္ဆာန်တွေနေမကောင်းဘူးဆိုရင် စီးပွားရေးထိခိုက်စေပါတယ်။ ကြက်ငှက်တုပ်ကွေးများဖြစ်လျှင် စီးပွားရေးချွတ် ခြုံကျသွားနိုင်ပါတယ်။ ဒီလိုဘဲ မိမိအိမ်သားတစ်ယောက် ကျန်းမာရေးမကောင်းဘူးဆိုရင် ဆေးခန်းတွေ၊ ဆေးရုံတွေ သွားပြရပါတယ်။ ပိုက်ဆံကြိုက်သလောက်ကုန်၊ အကုန်ခံကြပါတယ်။ပိုက်ဆံမရှိလျှင် ငွေချေးပြီးဆေးကုသကြပါသေးတယ်။ ငွေကုန်၊ အချိန် ကုန်၊ လူကုန်ပင်ပန်း၊ လူမပင်ပန်းဘဲ ကျန်းမာရေးဒေါင်ဒေါင်မည်ချင်ရင်တော့ ၀ိပဿနာအားထုတ်ကြပါ။ အလကားရတဲ့လေကို ထွက်သတိဝင်သတိကပ် နေပါ။ ချက်ချင်းသိသာလာပါလိမ့်မယ်။ သာဓကတွေ အများကြီးရှိပါတယ်။

သိပ္ပံနည်းနဲ့ကြည့်မယ်ဆိုရင်လည်း ၀ိပဿနာဆိုတာ အာနာပါန ဆိုတဲ့ ထွက်လေ၊ ၀င်လေကို ရှုမှတ်နေတဲ့အတွက် လေထဲက အောက်ဆီဂျင်ကို ရှူသွင်း လိုက်ပြီး ခန္ဓာကိုယ်တွင်းမှာ ကာဗွန်တွေအများကြီးရှိတယ်။ အဲဒီကာဗွန်တွေနဲ့ ဓာတ်ပြုလိုက်တဲ့အခါ ကာဗွန်ဒိုင်အောက်ဆိုဒ်အဖြစ် ဓာတ်ပြောင်းပြီးထွက် လာပါတယ်။ လေကောင်းဝင်ပြီး၊ လေပုပ်ထ်ွတယ်လို့ဆိုပါတယ်။ ၀င်လာတဲ့ အောက်ဆီဂျင်ကို lungs လို့ခေါ်တဲ့ အဆုတ်မှာရှိတဲ့ သွေးကြောမျှင်လေး တွေက စုပ်ယူလိုက်တယ်။ ပြီးတော့ ဦးနှောက်အောက်မှာရှိတဲ့ Pituitary gland ကို ပို့ပေးလိုက်တယ်။ pituitary ကစေခိုင်ချက်ကြောင့် အာရုံကြော အဖွဲ့အစည်းက အာရုံကြောတွေ အကုန်လုံးဟာ သွက်လက်၊ သန်မာ လှုပ်ရှားလာပါတယ်။ ဦးနှောက်ကို လန်းဆန်းစေပါတယ်။ ခန္ဓာကိုယ်ကြီးဟာ ကျန်းမာလာပါတယ်။

လက်တွေ့ကျန်းမာရေးကောင်းတာနဲ့ပတ်သက်ပြီးတင်ပြရမယ်ဆိုရင် ဆရာဦးမြင့်လွင်ရဲ့ လက်ဦးဆရာဖြစ်တဲ့ မြိတ်မြို့က ဆရာတော်ဦးဝါယာမလူဘ၀ တုန်းက ဦးရွှေဆိုင်ဟာ သွေးတွေဒလ ဟောထွက်နေပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူပါတယ်။ နောက်ဆုံး ဆရာဝန်က လက်လျှော့ လိုက်ရာ မိသားစုတွေက နေအိမ်ကို ပြန်ခေါ်သွားပါတယ်။ ဦးရွှေဆိုင်ကလည်း ငါသေမယ့်အတူတူ ၀ိပဿနာအားထုတ်မယ်ဆိုပြီး ၀ိပဿနာတရား အားထုတ်လိုက်ရာ သွေးတွေကလည်း တဖြည်းဖြည်းတိတ်သွားပါတယ်။ ကျန်းမာရေးပြန်ကောင်းလာပြီး ဘုန်းကြိးဝတ်၍ သာသနာပြုလိုက်တာ (၁)နှစ်လည်းမသေ၊ (၂)နှစ်လည်းမသေ၊ (၁၀)နှစ်လည်းမသေဘဲ နှစ်(၃၀)ခံသွားပါတယ်။ ယောဂီတို့ကတောသေခါနီးမှ အားမထုတ်ပါနဲ့။ ဦးရွှေဆိုင်ဟာ ပါရမီရှင်ဖြစ်လို့ ဆိုပြီး၊ ဆရာဦးမြင့်လွင်က သတိပေးပါတယ်။

နောက်တစ်ပါးကတော့ သဲအင်းဂူဆရာတော်ကြီးရဲ့တပည့် သုံးခွမြို့ သုဿန်ကျောင်း ဆရာတော်ကြီးဟာလည်း (၁၃)နှစ်လုံးလုံး ကိုယ်တစ်ခြမ်း ထုံနာကျင်နာ ဖြစ်နေတာ ဘယ်လောက်ဆိုးရွား သလဲဆိုရင် ထုံကျင်နေတဲ့ ဘယ်နေရာမဆို အပ်နဲ့လိုက်ထိုး သွေးတွေသာထွက်လာတယ် ခံစားမှုလုံးဝ မရှိတော့ပါဘူး။ ဆရာတော်ကြီးဟာ သဲအင်းဂူဆရာတော်ကြီးရဲ့ ၀ိပဿနာတရားအားထုတ်ရာကနေ ပြန်ကောင်းလာတာနောက်ဆုံး သက်တော်(၉၀) ကျော်မှဘဲ ပျံလွန်တော်မူသွားခဲ့ပါတယ်။

ကျွန်တော်တင်ပြတဲ့နှစ်ပါးစလုံးဟာ သက်ရှိထင်ရှားမရှိတော့တဲ့အတွက် သက်ရှိထင်ရှားတာကို တင်ပြပါမယ်။ အဲဒီပုဂ္ဂိုလ်ကတော့ ကျွန်တော်တို့ရဲ့ဆရာ ဦးမြင့်လွင်ဖြစ်ပါတယ်။ ဆရာက ကျွန်တော်တို့ကို ပြိုင်ပြေးမလား၊ တစ်ညလုံးမအိပ်ဘဲ တရားဟောမလား၊ (၂၄)နာရီပတ်လုံး ဓမ္မသာကစ္ဆာဝိုင်းဖွဲ့ထား တယ်။  ညစာမစားဘဲ ဥပုသ်သီလစောင့်တာလည်း နှစ်ပေါင်းများစွာ ကြာလှပါပြီ၊ ကျန်းမာရေး ဒေါင်ဒေါင်မြည်ပါတယ်တဲ့၊ ဆိုးတာတစ်ခုဘဲရှိတယ်။ လည်ချောင်းနာတယ်ဆိုတာပဲ၊ ဒါကလည်း လည်ချောင်းကို မတရားခိုင်းထားလို့ မနက်အိပ်ရာထလို့ မျက်စိဖွင့်ပြီဆိုကတည်းက ခိုင်းထားတာ ညအိပ်တဲ့အထိ ခိုင်းတယ်။ အိပ်မက်ထဲမှာတောင် ခိုင်းသေးတယ်၊ ဟောတိုင်းပြောတိုင်း အားရှိပါးရှိပြောတယ်။ ဟန်ဆောင်ပန်ဆောင်(For Show) လေးမပြောပါဘူး။ နှလုံးသားထဲကနေ သံသရာအဆက်ဆက်က ငါ့ဆွေမျိုးတွေ တို့ယောဂီတွေတရား ရကြပါစေဆိုပြီး၊ စေတနာနဲ့ပြောလို့ လည်ပင်နာတာ တစ်ခုပဲ ရှိပါတယ်တဲ့။ ယာဂီတို့လည်းဆရာနဲ့(၂၄)နာရီ ဓမ္မသာကစ္ဆာဆွးနွေးလို့ရပါတယ်။ အဲဒါကြောင့်ကျန်းမာရေးကောင်းကြောင်း ထင်ရှားလှပေတယ်။


အနေတတ်တယ်.

အနေတတ်တယ် ဆိုတာကတော့ ၀ိပဿနာအားထုတ်တဲ့သူဟာလောဘ၊ ဒေါသ၊ မောဟ၊ မာန်မာ နတွေကို လျော့နည်းအောင်၊ ဒါမှမဟုတ်ချုပ် ငြိမ်းအောင်ကျင့်ကြံ အားထုတ်ထားတာဖြစ်တဲ့အတွက် မိမိရဲ့ပတ် ၀န်းကျင်၊ မိတ်ဆွေအသိုင်းအ၀ိုင်း၊ မိသားစုတွေကြားမှာ နားလည်မှုအပြည့်အ၀နဲ့ နေတတ်သွားမှာဖြစ်ပါတယ်။ လောကမှာတစ်ယောက်တည်းနေလို့မရပါဘူး။ အပျိုကြီး၊ လူပျိုကြီးလို့ဆိုလိုက်ရင် လူတော်တော်များများက အေးချမ်း တယ်၊ ငြိမ်းချမ်းတယ်လို့ထင်ကြတယ်။ သူတို့ဟာလည်းမိဘ၊ မောင်နှမ၊ အသိုင်းအ၀ိုင်းနဲ့ဆက်ဆံ နေရတယ်။ ဒီတော့ ၀ိဿနာမလုပ်သေးရင် သူတို့ရဲ့ ခန္ဓာကိုယ်ထဲကမီး(၁၁)မီးကိုမငြိမ်းသတ်သ၍ ပူနေမှာပါ လူတွေဟာပြင်ပမှာလောင်နေတဲ့မီးကိုမြင်တာနဲ့၊ ကြားတာနဲ့ ငြိမ်းသတ်ချင်ကြတယ်။ လူသား တိုင်းရဲ့ ပင်ကိုယ် စိတ်ဓာတ်ပါ။ ဒါပေမယ့် မီးငြိမ်းသတ်ဖို့ အထောက်အကူပြုပစ္စည်းတွေ (ရေ၊သဲ၊မီးချိတ်၊မီးသတ်ဆေးဘူး) အဆင်သင့်ရှိဖို့လိုပါတယ်။ မီးလောင်လာမှရေရှာရ၊ သဲရှာရ၊မီးချိတ်လုပ်ရ၊ မီးသတ်ဆေးဘူးလှမ်းမှာရမယ်ဆိုရင် ကိုယ့်အိမ်နဲ့ကိုယ်ပတ်ဝန်းကျင်က ပြာကျသွားမှာဖြစ်တဲ့အတွက် ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။

ပြင်ပမှာလောင်နေတဲ့မီးကို မံသစက္ခုမျက်စိဖြင့်မြင်နိုင်သလို၊ မိမိခန္ဓာကိုယ်တွင်းမှာ လောင်နေတဲ့မီး (၁၁)မီးကျတော့ မျက်စိဖြင့်မမြင်နိုင်ဘူး။ ဥာဏစက္ခု လို့ခေါ်တဲ့ဥာဏ်မျက်လုံးနဲ့မှ မြင်နိုင်ပါတယ်။ ဒီမီးတွေ ဟာဘာမီးတွေလဲ? လောဘ၊ ဒေါသ၊ မောဟမီး....အတိုမှတ်ထားမယ်ဆိုရင် လော၊ဒေါ၊မော၊ ဇာ၊ဇ၊မ၊သော၊ ပ၊ဒု၊ဒေါ၊ဥ....ပြီးပြီ။ လော-လေဘမီး၊ ဒေါ-ဒေါသမီး၊ မော-မောဟမီး၊ ဇာ-ဇာတိမီး၊ ဇ-ဇရာ၊ မ-မရဏ၊ သော-သောက၊ ပ-ပရိဒေ၀၊ ဒု-ဒုက္ခ၊ ဒေါ-ဒေါမနဿ၊ ဥ-ဥပါယာသ။ဒီမီးတွေဘယ်အချိန်ကလောင်သလဲ? မနေ့ကလောင်တယ်၊ တစ်နေ့က လောင်တယ်၊ မွေးကတည်းကလောင်တယ်၊ သံသရာအစကတည်းကနေ လောင်နေတာ ဘယ်တော့ငြိမ်းမလဲ? လုံးဝမငြိမ်းဘူး၊ မနက်ဖြန်လည်းလောင်အုံးမယ်၊ နောက်နှစ်တွေလည်း လောင်အုံးမယ်၊ သေတဲ့အထိလောင်အုံးမယ်၊ နောင်ဘ၀လည်း လောင်အုံးမယ်၊ နိဗ္ဗာန်မရောက်မချင်း လောင်နေအုံးမှာပေါ့။ ဒီတော့မိုးကုတ်ဆရာတော်ဘုရားကြီးဆုံးမ ခဲ့သော မီးသူတ္တန် ဥပမာလေးတင်ပြပါမယ်။

အရူးလေး၊ အရူးလေး ထင်းတွေထမ်းလာတယ်၊ အရူးလေးဘာလုပ်တယ်ထင်းတွေထမ်းလာတယ်၊ ပြီးတော့ပုံတယ်၊နောက်တစ်ခေါက်ထမ်းပြီးလာပုံတယ်၊ အရူးလေးကိုယ့်ဒုက္ခကိုယ်ရှာတယ်။ အခေါက်ပေါင်းများ စွာထမ်းလိုက်ပုံလိုက်နဲ့ထင်းပုံအကြီးကြီးဖြစ်လာပြီ။ ထင်းပုံကြီးလာတော့ အရူးလေးဓာတ်ဆီပုံး လေးကိုဆွဲပြီး ထင်းပုံပေါ်မှာ လောင်းချလိုက်တယ်။ ပြီးတော့ ထင်းပုံပေါ်မှာတက်ထိုင်ပြီးမီးခြစ်လေးကိုခြစ်လိုက်တယ်။ ရှဲ ကနဲဆို ၀ုန်းကနဲမီးတောက် သွားတော့အရူးလေးက ထအော်တယ်၊ ပူလိုက်တာပူလိုက်တာ မီး-မီး-မီး-တဲ့၊ အရူးလေးကိုသနားလား၊ အဲဒီအရူးလေးကဘယ်သူလဲ၊ (ကိုယ်)၃ အဲဒီပူတာကိုလျှော့ချင်ရင် ထင်းတွေကိုတစ် ချောင်းပြီးတစ်ချောင်း ဆွဲထုတ်ရမယ်။

ဒီလိုမဟုတ်ဘူး၊ အခုတော့ လူပျိုကြီးတွေ အိမ်ထောင်ကျပြီဆိုလျှင်ထိုးထည့်လိုက်ပြီ-ထင်းမီးတစ်ချောင်း၊ နောက်သားလေးမွေးတယ်-တစ်ချောင်း၊ သမီးလေးထပ်မွေးတော့ နောက်တစ်ချောင်း၊ နောက်မြေးလေး၊ နောက် တီ၊ တွတ်...တစ်ချောင်းပြီးတစ်ချောင်းထိုးထည့်နေတော့ ဒီမီးတွေဘယ်တော့ ငြိမ်းမလဲ၊ ငြိမ်းချင်ရင်တစ် ချောင်းပြီးတစ်ချောင်း ဆွဲထုတ်ရမယ်။ သွားစမ်း တွတ်လေးတီလေး၊ သွားစမ်းငါ့မြေး၊ ငါ့သား၊ ငါ့သမီး၊ နောက် ဆုံးသွားစမ်း ငါ့ယောက်ျား၊ ငါ့မိန်းမဆိုပြီးထင်းတွေတစ်ချောင်းပြီးတစ်ချောင်း ဆွဲထုတ်မှမီးငြိမ်းမှာပေါ့။ သား မယားတွေကိုကွာရှင်းခိုင်းတာမဟုတ်ဘူးနော်။ ကျွန်တော် ကိုယ်တိုင်လည်း သားမယားကိုမကွာသေးပါဘူး။ ကိုယ်ပေါင်းစိတ်ခွာ ၀ိပဿနာ ဆိုသလိုပါဘဲ။ တကယ်လို့များ အငြိမ်းဓာတ်ကိုလိုချင်တယ်ဆိုရင် ကိုယ်ပေါင်း စတ်ခွာဖို့ ပြောတာပါ။ ကိုယ်လည်းပေါင်း၊ စိတ်လည်းပေါင်းတဲ့လူတွေက များပါတယ်။ တချို့ကတော့ ဒီလို မဟုတ်ဘူး။ ယောက်ျားက အလုပ်ကိစ္စနဲ့များ ခရီးထွက်သွားဘျှင် မိန်းမဖြစ်သူက ငါ့ယောက်ျားနေမှကောင်း ရဲ့လား? အလုပ်ရောအဆင်ပြေပါ့မလား? ယောက်ျားကလည်း မိန်းမကိုစဉ်းစားပြီး ငါ့မိန်းမ နေမှကောင်းရဲ့ လား? ကလေးကျောင်းပို့ကျောင်းကြိုအဆင်ပြေပါ့မလား? ယောက္ခမကြီး အိမ်လာစောင့်ပေးမယ်ဆိုပြီး လာစောင့်ပေးပါ့မလား? စသည်ဖြင့် အပြန်အလှန်စဉ်းစားတွေးတောနေကြတယ်။ ကိုယ်ကမပေါင်းရဘူး၊ စိတ် ကပေါင်းနေတော့ အပူခံနေရတယ်။ မနေတတ်တော့မိအေး(၂)ခါနာသလိုဖြစ်နေတယ်။

အနေတတ်ဖို့ကတော့ ရှေ့မှာပြောခဲ့တဲ့အတိုင်း (၁၁)မီးငြိမ်းဖို့လိုပါတယ်။ ဒီမီးတွေပူမှန်းသိရင် မီး ညှပ်လေးနဲ့မကိုင်သင့်ဘူးလား? မီးခဲတုံးတစ်တုံးကို ကလေးတစ်ယောက်က မသိတော့ အတင်းဆုပ်ကိုင်တယ်၊ မသိတော့ ပိုပူခံရတယ်။ သိတဲ့သူကျတော့ မီးညှပ်လေးနဲ့ကိုင်တော့ တိုက်ရိုက်အပူ မခံရတော့ဘူး၊ အပူရှိန် လောက်ပဲခံရတယ်။ ဆိုလိုတာက မိမိခန္ခာကိုယ်ထဲမှာ (၁၁)မီးရှိတယ်ဆိုတာဥာဏ်နဲ့သိကြပါစေ။ နေ့စဉ်နေ့ တိုင်း လောဘ၊ ဒေါသ၊ မောဟတွေရှိမှာပါပဲ၊ မီးညှပ်လေးဆောင်ထားကြပါ။ လုံးဝငြိမ်းသတ်ချင်တယ်ဆိုရင် ၀ိပဿနာတံဆိပ်မီးသတ်ဆေးဘူးလေးဆောင်ထားကြပါ၊ လောဘ၊ ဒေါသ၊ မောဟမီးတွေလောင်လာမှငါရိပ် သာတရားသွားအားထုတ်မယ်ဆိုလို့ရှိရင် မီမှာမဟုတ်တော့ဘူး၊ ရန်ကဖြစ်ကြပြီ၊ ချကြပြီ၊ သတ်ကြပြီ ဆိုတာ နဲ့ရုံးရောက်၊ ဂတ်ရောက်နဲ့အပူမီးတွေ တောက်လျှောက်လောင်ပြီ။ ဒါကြောင့် ၀ိပဿနာတရား ကြိုတင်အား ထုတ်ကြပါ။ မီးလောင်ပြီဆိုတာနဲ့ဝိပဿနာတံဆိပ် မီးသတ်ဆေးဘူးနဲ့ရွှီးရွှီးဆိုဖြန်းလိုက်တာနဲ့ မိမိရဲ့အပူတွေ ငြိမ်းသွားမှာပါ။

ကဲ နောက်တစ်ခုတင်ပြပါမယ်၊ ကျွန်တော်တို့ငယ်ငယ်ကသီချင်းလေး-ကားတစ်စီးလောက် ၀ယ်ရင် ဘရိတ်ပါပါစေ ဆိုတဲ့သီချင်းလေးလို ကားတစ်စီး ၀ယ်ရင်ဘရိတ်ပါဖို့မလိုဘူးလား၊ မပါရင်အဲဒီကားဟာ အ ရှိန်သတ်လို့မရဘူး၊ ဟိုတိုက်ဒီတိုက်နဲ့အန္တရာယ်တစ်အားများတယ်၊ ဒါကြောင့် ဆာဗိုဘရိတ် အကောင်းစား ကို Work Shop မှာပိုက်ဆံကုန်ခံကြပြီး သွားတပ်ကြတယ်။ ဒီလိုပဲကျွန်တော်တို့ခန္တာကိုယ်မှာစိတ် ကအရမ်းမြန်တယ်၊ ကားလိုပဲ စိတ်ဘရိတ် မရှိလျှင် လောဘ၊ ဒေါသတွေနဲ့ဟိုချဒီချလျှောက်ချကြတယ်၊ အန္တရာယ်တအားများတယ်။ ဒါကြောင့်ဝိပဿနာတံဆိပ်ဆာဗို စိတ်ဘရိတ်လေး မတပ် ထားသင့်ဘူးလား¿ တပ်ထားကြပါ၊ ၀ိပဿနာတရားကိုပြပေးတဲ့ရိပ်သာတွေမှာ အခမဲ့တပ်ပေးပါတယ်။ တချို့ရိပ်သာတွေဆို ထမင်း တောင်ကျွေးသေး တယ်။ အိပ်ဖို့လည်းမပူရဘူး။ ဒါကြောင့် ၀ိပဿနာစိတ်ဘရိတ်လေးတပ်ထားမယ်။ ၀ိပဿနာ စိတ်ဘရိတ်လေးတပ်ထားမယ်။ ၀ိပဿနာတံဆိပ် မီးသတ်ဆေးဘူးဆောင်ထားမယ်၊ မီးညှပ်ကလေးကိုင်တတ် ပြီဆိုရင် ယောဂီတို့ကိုမီးလောင်းဦးမလား? ဒါကြောင့် ၀ိပဿနာတရားအားထုတ်တဲ့သူဟာ အနေတတ်တယ် လို့ခေါ်တယ်။
 

Email :  Admins@theravada-3p.org
URL   :   www.theravada-3p.org 
Tel : 01 - 704 780, 727 223

   Contact Us 
လှည်းကူးမြို့နယ်၊ ငါးဆူတောင် ရပ်ကွက်၊
ငါးဆူတောင်ကျေးရွာ၊ မြင့်မြတ်အလင်း ရိပ်သာ။
 

 
 

Copyright © 2007 www.theravada-3p.org

Created by CREATiVE Web Studio

blog counter