www.theravada-3p.org


 Home

 
About Us

 
Vipassana

 
Knowledge


Forum


Contact Us 

 

 


အပါယ်ပိတ် တရား


ဓမ္မ ၏ ပင်ကိုယ်သတ္တိ

အပါယ်သို့ ကျရောက်ပုံ

လူ့ဘ၀ရခဲခြင်းနှင့် သံသရာ ရှည်လှပုံ

ဝိပဿနာ အဓိပ္ပါယ်

ဝိပဿနာ ကို ဘာကြောင့်အားထုတ်သင့်သလဲ

အပါယ်ပိတ်အောင် ကြိုးစားကြဖို့ တိုက်တွန်းခြင်း

အရိယာပုဂ္ဂိုလ် ဖြစ်ပုံ

ပညတ် ပရမတ်(ပရမတ္ထ)

အပါယ်ပိတ်တရား ( Video )

無幸処(悪趣)の門を閉じる法 

 


ဗုဒ္ဓသာသနာတော်သည် သန့်  ရှင်းပါမှ

တည်
  တံ့ပြီး
တည်တံ့ပြီးမှ သာလျှင်

ပြန့်  ပွား  နိုင်မည်။

ဝိပဿနာ ဘာဝနာ ဘာကြောင့်အားထုတ်သင့်လဲ » အသေတတ်တယ်
 

အသေတတ်တယ် ဆိုတာကတော့ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်မဆို၊ ဘယ်သာသာပဲ ကိုးကွယ်ကိုး ကွယ်၊ ဘယ်ဘုရားပဲရှိခိုးရှိခိုး၊ မရှိခိုးလဲနေဘယ်သူ မဆို တစ်နေ့သေမှာသေချာပါတယ်။ ဒါကြောင့်ဘုရားရှင် ကိုယ်တော်မြတ်ကြီးက သင်သည်မုချသေရမည်၊ အချိန်ပိုင်းသာလိုတော့သည် ဟုဆုံးမခဲ့ပါ သည်။ မသေချာတာကတော့ဘယ်နေ့သေမယ်၊ ဘယ်နေရာမှာသေမယ်၊ ဘယ်ရောဂါနဲ့သေမယ်၊ ဘယ်ဘ၀ကိုရောက်မယ်ဆိုတာ ကတော့ မသေချာ ပါဘူး။ ဒါကြောင့် အသေတတ်ဖို့အတွက် တိပိဋကဓရ ယောဆရာတော် ဆုံးမခဲ့တဲ့ ပုံ ပြင်လေးနဲ့ ပြောပြပါမယ်။မောင်ဝနဲ့မောင်လှဆိုတဲ့ သူငယ်ချင်း(၂) ယောက်ရှိတယ်။ မောင်ဝဆိုတာက-၀၀ ခန့်ခန့်ကြီး၊ သူဌေး ကြီး၊ မောင်လှဆိုတာက ဆင်းရဲသား လှလှပပကြိုက်တယ်။ တစ်နေ့ မောင်ဝဆီကိုမောင်လှ ရောက်လာတယ်၊ ဟေ့သူငယ်ချင်းမောင်ဝ ငါ့ကိုနွားတစ်ကောင်လောက် ငှားပါကွာ၊ ငါအလုပ်လုပ်ချင်လို့ပါ၊ လယ်ထွန်ချင်လို့ ပါကွာ၊ တစ်နှစ်ကြာရင် ငါအတိုးရော၊ အရင်းပါပြန်ပေးပါမယ် ဆိုပြီး ငှားပါတယ်။ မောင်ဝကလည်း သဘော တူပြီး ငှားလိုက်ပါတယ်။ ဒီတော့ မောင်လှကနွားလေးကိုဆွဲပြီး အိမ်ကိုခေါ်လာပါတယ်၊ ငှားခွင့်ရပြီးဆွဲလာ ကတည်းက မောင်လှက သူပိုင်နွားလို့ထင်ပြီး မိစ္ဆာဒိဠိဝင်ကာ အယူမှားအမှတ်မှားခဲ့ပါတယ်။

မောင်လှပိုင်သောနွားမဟုတ်ဘဲ ငှားလာသောနွားကို သူပိုင်နွားထင်ပြီးအိမ်လည်းရောက်ရာသန့်ရှင်းရေးတွေ လုပ်၊ ကျွေးမွေးသုတ်သင် ယုယနေ လိုက်တာ၊ နောက်တစ်နေ့လည်းကျွေးလိုက်၊ သန့်ရှင်းရေးလုပ်လိုက်၊ ဒီလိုနဲ့ တစ်လ၊ နှစ်လ၊ သုံးလလောက်ကြာတော့နွားကြီးက ၀လို့၊ လှလို့ဖြစ် လာပြီး၊ သံယောဇဉ်ငြိတွယ်လာခဲ့တာ ဒီလိုနဲ့တစ်နှစ် လည်းပြည့်ရော မောင်ဝ အိမ်ရှေ့ရောက်လာပြီး ဟေ့သူငယ်ချင်းမောင်လှ ငါ့နွားပြန်ပေးလည်း ဆိုရော မောင်လှခမျာ ဟာသူငယ်ချင်း၊ တစ်နှစ်ပြည့်သွားပြီလား။ ငါ့မေ့နေလိုက်တာကွာ၊ အခုတော့ပြန် ပေးရမယ်၊ နေဦး သူငယ်ချင်းရာငါလယ်ထဲ ဆင်းပြီး လယ်ထွန်ရဦးမယ် ဆိုလို့ မီပါသေသလား။ မမီပါဘူ၊ အဲဒီအချိန်မှာ မောင်လှ တောင်းပန်လို့လည်းမရဘဲ မောင်ဝကသူ့နွားသူပြန်ယူသွားတယ်။ အဲဒီအချိန်မှာ မောင်လှနောင်တ အကြီးအကျယ် ရသွားပြီ၊ ဒါကြောင့်မောင်လှဘာတွေဆုံးရှုံးသွားလဲ ဆိုတော့(၁) အချိန်ကုန်၊ (၂)ငွေကုန်၊ (၃)လူ ပင်ပန်းပြီးအကျိုးအမြတ်တစ်ခုမှမရှိဘဲ စိတ်ဆင်းရဲမှုနဲ့ဆုံးရှုံးမှုတွေ ရင်ဝယ်ပိုက်ပြီး၊ အတိုး ရောအရင်းပါ မောင်ဝကိုပေးဆပ်လိုက်ရတယ်။

ဒီပုံပြင်လေးလိုပဲ ကျွန်တော်တို့ဒီခန္ဓာကြီးကိုလည်း ဦးသေမင်း ဆီကငှားလာတာပါ။ ဘယ်လိုေုပြာပြီး ငှားလာ တာလဲဆိုကြည့် ဦးသေမင်းကြီးကျွန်တော် လူ့ပြည်မှာ တရားအားထုတ်ချင်လို့ ကျွန်တော်ကို နှစ်၅၀၊ နှစ်၆၀၊ နှစ်၈၀၊စသဖြင့်ခဏငှားပါလို့ စာချုပ်ချုပ်ပြီး လူ့ဘ၀ကိုရောက်လာတာပါ လူ့ဘ၀ကို အမိဝမ်းထဲက ကျွတ်ပြီး လူ့ပြည်ရောက်တာနဲ့အူဝဲ အူဝဲဆိုပြီး မွေးလာတာ၊ ငါ့ကိုနို့တိုက်စမ်း၊ ငါ့ကိုနို့တိုက်စမ်းနဲ့ ဒေါသ ကြီးနဲ့ငိုနေတာ၊ ဒါကိုအမေက နို့တိုက်လိုက်တော့မှ ပြွတ် ပြွတ် ပြွတ်နဲ့ တစ်ခါတည်း လောဘကြီးနဲ့စို့လိုက်တာ၊ နည်းနည်းကြီးလာရော အတွေးပေါင်းစုံနဲ့စဉ်းစားကြီးပြင်းလာတာ မောဟ၊ နောက်ပြီးအရွယ်လည်းရောက် ရော အမျိုးသမီးတွေကလည်း ငါအချောဆုံး၊ ငါ့လောက်ချောတဲ့သူမရှိဘူးဆိုပြီး အထင်မှားပြီး မာန်မာန တွေတက်လာတယ်၊ အမျိုးသားတွေကလည်း ပိုက်ဆံလည်း ရှာနိုင်ရော ကိုယ့်ကိုကိုယ်ဟုတ်လှပြီထင်ပြီး တစ်နေ့တစ်နေ့ လောဘ၊ ဒေါသ၊ မောဟ၊ မာန်မာနတွေနဲ့ပဲ နပန်းလုံးပြီးအချိန်ကုန်ခဲ့တယ်။ မောင်လှ နွားလိုဘဲကိုယ့်ခန္ခာကိုယ်ကြီးကို ဦးသေမင်းဆီက ငှားလာတာကို မေ့လျော့နေကြတယ်၊ ငါပိုင်တယ်ထင်ပြီး လိုချင်တာချည်း လုပ်နေကြတယ်။ မိစ္ဆာဒိဌိ အယူမှားအမှတ်မှားနဲ့ ငါ့ခန္ခာကိုယ်ကြီးကိုအလှပြင်လိုက် အကောင်းတကာ့အကောင်း တွေစားလိုက်၊ အိပ်လိုက်နဲ့လုပ်နေကြတယ်၊ သံသရာလွတ်ကြောင်းတစ်ခုမှမလုပ် ဘူး၊ မောင်လှနွားလိုဘဲ ၀ပြီးလှနေလိုက်တာ တစ်နေ့ကျတော့ ဦးသေမင်းကြီးကစာချုပ်ကိုင်ပြီး အိမ်ရှေ့ရောက် လာပြီး ဟေ့ မင်းဒီနေ့သေနေ့စေ့ပြီကွ လိုက်ခဲ့ ဆိုမှ ဟာ ဦးသေမင်းကြီး ကျွန်တော်သေနေ့စေ့ပြီ ဟုတ်လား။ ခဏနေပါဦးဗျာ။ လာထိုင်ပါ၊ လက်ဖက်ရည်သောက်ပါဦးဗျာ၊ ကျွန်တော်အလုပ်တွေများနေလို့ နထအနညျငသည လေးပေးပါဗျာ။ Extension လည်းမရဘူး၊ သေနေ့စေ့ရင် စေ့တဲ့နေ့တစ်ခါတည်း လိုက်ခဲ့ရမှာကွ။ မင်းနဲ့စာချုပ်ချုပ်ပြီးသားကွ ဦးသေမင်းကြီးရယ်၊ ကျွန်တော်ရှာထားတဲ့ ပိုက်ဆံတွေ အများ ကြီးပဲ။ ဦးသေမင်း ယူပါနော် မယူဘူး ကျွန်တော်ဆွစ်ဇာလန်ဘဏ်မှာစုထားတဲ့ဒေါ်လာတွေလည်းရှိသေး တယ်၊ ပေးမယ်နော် မယူဘူး၊ ငါ့ကိုလာဘ်မထိုးနဲ့။ ဒါဆိုကျွန်တော်တစ်ခုတောင်းပန်ပါတယ်ဗျာ။ ကျွန် တော် တရားအားမထုတ်ရသေးလို့ရိပ်သာသွားပြီး၊ တရားအားထုတ် လိုက်အုံးမယ်နော်၊ ခဏစောင့်ပေးပါဗျာ"ဒါလည်းမစောင့်ပေးနိုင်ဘူး။ အခုချက်ချင်းလိုက်ခဲ့၊ ငါ့ကိုဆင်ခြေမပေးနဲ့" ဆိုတော့"ဒီလောက်တောင်ပြော ရခက်၊ ညှိရခက်နေရင် ဦးသေမင်း ကျွန်တော်မှာသေနတ်ရှိတယ်။ ပစ်ထည့်လိုက်ရမလား၊ "မင်းကငါ့ကိုခြိမ်း ခြောက်တာလား၊ လာစမ်း" ဆိုပြီးဂုတ်ဆွဲပြီး အတင်းခေါ်သွားတော့လည်းဘယ်သူမှလွန်ဆန်လို့မရပါဘူး။ ဒါ ကြောင့် ဦးသေမင်းလာခေါ်တဲ့အချိန်မှာ ပြုံးပြုံးလေးနဲ့သေမင်းကို "ဦးသေမင်းရယ် ကျွန်တော်ခင်ဗျားကိုစောင့် နေတာကြာလှပါပြီဗျာ" ဆိုပြီး ပြုံးပြုံးလေးနဲ့လိုက်နိုင်အောင်ဝိပဿနာကိုကြိုင်တင် ကျင့်ထားမယ်ဆိုရင် အသေ တတ်ကြ မှာပါ။ ယနေ့သေခြင်းဆိုတာ နှစ်မျိုးပိုင်းခြား သိဖို့လိုပါတယ်။ လူတွေကသေပြီး သင်္ချုံင်မှာမီးသင်္ဂြုံလ် မြေမြုပ်တာ ကိုသေတယ်လို့ခေါ်ကြတယ်။ ဒါကို သမုတိမရဏ-ဘ၀ကူးပြောင်းခြင်းလို့ခေါ်ပါတယ်။ သေခြင်း အစစ်မဟုတ်၊ သေခြင်းအတုသာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ စက္ကန့်မလပ်ပြိုပျက်ပျက်စီး နေတဲ့ဖြစ်ပျက်တ ကယ်တွေ့မှသာ သေခြင်းအစစ်ဖြစ်ပါတယ်။

ဘုရားရှင်ကိုယ်တော်မြတ်ကြီး သိတော်မူခဲ့တဲ့ဥာဏ်က မျက်စိတမှိတ်၊ လျှပ်တပြက်၊ လက်ဖျစ်တစ်တွတ် ကလေးမှာ ရုပ်ကုဋေငါးထောင်မက၊ နာမ်ကုဋေပေါင်းတစ်သိန်းမက ဖြစ်ပျက်ပြောင်းလဲနေပါတယ်။ အဲဒါဘယ် အချိန်မှာတွေ့လဲဆိုတော့ စာဖတ်နေရုံနဲ့မတွေ့ပါဘူး၊ ၀ိပဿနာတရား အားထုတ်မှသာတွေ့မှာပါ။ အဲဒီလို ခန္ခာထဲကစက္ကန့်မလပ်ပြိုပျက်ပျက်စီး နေတဲ့ဖြစ်ပျက်တကယ်တွေပြီဆိုရင် ပရမတ္ထမရဏ၊ သေခြင်းအစစ်လို့ ခေါ်ပါတယ်။ ၀ိပဿနာတရားအားထုတ်ထားသူ၊ သေခြင်းအစစ်ကိုတွေ့ထားသူသည်သေခြင်းအတုကိုမ ကြောက်တော့ပါဘူး။

ဥပမာ-အင်မတန်ကျွမ်းကျင်တဲ့ စိန်ပွဲစားကြီးတစ်ယောက်- စိန်အစစ်တွေကို သူက နေ့တိုင်းတွေ့နေ ရတာ၊ အမြဲတမ်းကြည့်နေရတာ၊ စိန်အစစ်ကို ကြည့်လိုက်တာနဲ့သိနေတယ်။ ဘယ်လောက်အရည်အသွေးရှိ တယ်၊ ဘယ်လောက်တန်တယ် အကုန်သိတယ်။ အဲဒီ စိန်ပွဲစားကြီးကို စိန်အတုလာပြရင် မကြည့်ဘူး၊ ပျင်းတောင် ပျင်းသေးတယ်။ ဘာဖြစ်လို့လဲ အစစ်ကို ကောင်းကောင်းကျွမ်းနေတော့ အတုကို ကြည့်ကို မကြည့်ချင်ဘူး။ ဒါကြောင့် ၀ိပဿနာ အားထုတ်ထားတဲ့ ပုဂ္ဂိုလ်ပရမတ္ထမရဏကောင်းကောင်းတွေ့ထားတဲ့ ပုဂ္ဂိုလ်တွေက ဘ၀ကူးပြောင်းမယ့် သေခြင်းအတုကို မကြောက်ဘူး၊ ပျင်းတောင်ပျင်းသေးတယ်။ ဒါကြောင့် အသေတတ်တယ်လို့ခေါ်တာ။ တရားအားမထုတ်သေးတဲ့ ပုထုဇဉ်တွေကသာ အသေမတတ်လို့ သေမှာ ကြောက်တာ။ ဒါကြောင့်မို့လို့ "သေမှာကြောက်တာ ပုထုဇဉ် သေမှာမကြောက်တာ အာရိယာ"အသေတတ်ဖို့ဆိုရာမှာ တစ်တွဲထဲပြောရရင် အပါယ်ပိတ်ကြောင်းလဲ ဖြစ်ပါတယ်။ အသေလည်း တတ်သလို အပါယ်တံခါးလည်း ပိတ်ပါတယ်။ အနည်းဆုံးတော့ ၀ိပဿနာဥာဏ် "ဖြစ်ပျက်" တစ်ကြိမ်လောက် သိ၊ မင်္ဂဖိုလ်နိဗ္ဗာန်မျက်မှောက် ပြုချင်တယ်ဆိုရင် ဆုတောင်းနေလို့မရပါဘူး၊

မဂ်ဖိုလ်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်.

မဂ်ဖိုလ်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုချငိတယ်ဆိုပြီး ငယ်ငယ်ကတည်းကသြကာသ၊သြကာသ ဆိုပြီးဆုတောင်းခဲ့ကြတယ်။မဂ်ဖိုလ်၊ နိဗ္ဗာန်ကို မျက်မှောက်ပြုချငိတယ်ဆိုရင်ဆုတောင်းနေလိုမရပါဘူး၊၀ိပဿနာကျင်းပစဉ်ကို ကျင့်မှ သာ ၀ိပဿနာဥာဏ်စဉ် မြင့်တက်လာပြီး တစ်မဂ်ပြီး တစ်မဂ်တက်ကာ ဖိုလ်ဝင်စားပြီးဆိုင်ရာ ဆိုင်ရာ နိမ္ဗာန်နဲ့ ပတ်သက်ပြီး ချမ်းသာလို့ ခေါ်ပါတယ်။ချမ်းသာဆိုတာ ချမ်းသာအတုနဲ့ ချမ်းသာ အစစ်ဆိုသာရှိပါတယ်။ နိဗ္ဗာန်ဆိုတဲ့ ချမ်းသာအစစ်နဲ့ လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာ ဘယ်လိုမှ နှိုင်းယှဉ်လို့မရပါဘူး။ နိဗ္ဗာန်ချမ်းသာအစစ်နဲ့ ချမ်းသာအတုတွေ ဘယ်လိုကွာခြားလဲဆိုတော့- ရပ်ကွက်ထဲမှာ ကနေ့ ကျုပ်ဘယ်လောက် ချမ်းသာတယ်၊ ကျုပ်မှာ ဘယ်နှစ်သန်းရှိတယ်၊ ကျုပ်ကတော့ ဘယ်လောက်ဘီလီယံ ချမ်းသာတယ်ဆိုတဲ့ ပိုက်ဆံချမ်းသာတွေဟာ ချမ်းသာအတုပါ။

ဥပမာပြောရရင်- တောရွာမှာချမ်းသာတဲ့ တောသူဌေးတစ်ယောက်- လယ်ဆယ်ကွက်လောက်ပိုင်ပြီး နွားလေးအကောင် နှစ်ဆယ်လောက်ပိုင်နေရင် သူကိုယ်သူ ဘာပြောလဲ "ချမ်းသာတယ်၊ တောသူဌေး" တဲ့ မြို့လည်းရောက်ရော အဲဒီတောသူဌေးကုငိ မြို့ကသူဌေးတွေက ရွှံ့နံ့ နံလိုက်တာဆိုပြီး အဖက်တောင် မလုပ်ဘူး၊ မြို့ကသူဌေးတွေကကို တစ်ခါမြန်မာနိုင်ငံမှာ အချမ်းသာဆုံးနိုင်ငံကျော် သူဌေးကြီးက စကားထဲတောင် ထည့်မပြောပါဘူး။ မြန်မာနိုင်ငံမှာ အချမ်းသာဆုံးသူဌေးကြီးဟာ အမေရိကန်နိုင်ငံကို ရောက်သွားတဲ့အခါ ကမ္ဘာကျော်သူဌေးကြီးနဲ့ သွားနှိုင်းယှဉ်လိုက်တော့ ဘာဖြစ်သွားလဲ၊ အပြင်မှာ စောင့်နေတဲ့ပြာတာနဲ့ အတူတူ ပါပဲ။ စကားထဲတောင် ထည့်မပြောပါဘူး။ ကွာသွားပြီ၊ ဘာကြောင့်လဲဆို သူတို့က ဒေါ်လာတွေနဲ့ စကားပြော တာ။ ချမ်းသာဆိုတာကြည့်နော်၊ ချမ်းသာတွေက အတုတွေအတုတွေ ကွာလာပြီ။

ဥပမာ နောက်တစ်ခုအနေနဲ့-ယနေ့လူသားတွေကိုကြည့် စားစရာဘာကောင်းလလဲ? ပီကင်းဘဲကင်၊ရန်ကုန်မှာက နနျအနမည ဏမေကဘဲကင်၊ ယောဂီတို့ ဘယ်နှစ်ကောင်စားနိုင်သလဲ? နှစ်ကောင်၊ အစား ကြီးတဲ့လူနှစ်ကောင်လောက်စားမယ်။ နှစ်ကောင်စားပြီးရင် နောက်ထပ် (၁၀)ကောင်ထပ် ကျွေးမယ်၊ စားနိုင် သလား? မစားနိုင်လဲ အတင်းထပ်ထည့်မယ်။ အန်ထွေးရုံပဲရှိပါတယ်။ ဘယ်လောက်ကောင်းတဲ့ အစားအစာ၊လယ်လောက်ကောင်းတဲ့ အရသာဖြစ်ဖြစ် အဆင့်တစ်ခုရောက်ရင်ဘာဖြစ်သွားသလဲ? ပျက်သွားပြီ၊ မခံစားနိုင် တော့ဘူး။ အဲဒါချမ်းသာအတုမို့လို့မခံစားနိုင်တော့ပါ။

နောက်ဥပမာတစ်ခုပြောရရင်-ပေတစ်ရာ လမ်းမကြီးပေါ်မှာ နေ့လည်၁၂.နာရီတိတိအပေါ်ပူ အောက်ပူနေပူပူထဲမှာ လူတစ်ယောက်လမ်းလျှောက် နေတယ်။ အဲဒီအချိန်မှာဘဲ ၆ ထပ်တိုက်ခေါင်မိုးစွန်းပေါ် မှာလည်း လူတစ်ယောက်ထိုင်နေတယ်။ နောက်နှစ်ဆယ့်ခြောက်ထပ်ခေါင်မိုးစွန်းပေါ်မှာ လူတစ်ယောက်ထိုင် နေတယ်။ သူတို့သုံးယောက်စလုံးနေရာဘယ်လိုကွာကွာ၊ ပူခြင်းကနေလုံးတစ်လုံးထဲမို့အတူတူပါဘဲ၊ ဒီနေရာ မှာလမ်းမပေါ် လျှောက်နေတဲ့လူက လူသား၊ ၆ထပ်တိုက်ခေါင်းမိုးစွန်းပေါ်ကလူသည် နတ်၊ ၂၆ထပ်ခေါင်မိုး စွန်းပေါ်ကလူသည် ဗြဟ္မာ။ လူ၊နတ်၊ ဗြဟ္မာဆိုတဲ့သတ္တ၀ါ အားလုံးဟာ ဘယ်လောက်ဘဲ ချမ်းသာချမ်းသာ ခံစားပြီးရင် ဆက်လက်မခံစားနိုင်တော့ဘူး။ ဒါဟာချမ်းသာအတု ဖြစ်လို့ပါဘဲ။ ချမ်းသာအစစ်ဆိုရင် ခံစားလို့ မ၀ပါဘူး။

ချမ်းသာအစစ်ကို မရွှေလိပ်နဲ့ ကိုရွှေငါးတို့နဲ့ဥပမာထပ်ပြောရရင်-တစ်နေ့မှာ မရွှေလိပ်ကလေးဟာ ကုန်းပေါက်တက်ဥဥပြီး၊ ရေထဲဆင်းတယ်။ အဲဒီမှာကိုရွှေငါးနဲ့တွေ့ပါတယ်။ ကိုရွှေငါးကမရွှေလိပ်ကိုဘယ်က လာတာတုန်းလို့မေးတယ်။ ဒီတော့မရွှေလိပ်က"ကုန်းပေါ်မှာဥဥပြီးပြန်လာတာပါ" လို့ဖြေတယ်။ ကိုရွှေငါးက ကုန်းပေါ်ဆိုတာဘယ်လိုမျိုးလဲ? ကျုပ်ကတော့မယုံပါဘူးဗျာလို့ပြန်ပြောတယ်။ မရွှေလိပ်ကလည်း "သိချင်ရင် တက်ကြည့် ပေါ့" လို့ ပြောတော့ ကိုရွှေငါးက ငါးကလေးဖြစ်နေလို့ ကုန်းပေါ်ကိုမတက်နိုင်တဲ့အတွက် ကုန်းအ ကြောင်းမသိနိုင်ပါဘူး။ မရွှေလိပ်ကတော့ ကုန်းပေါ်ကိုလည်းသိတယ်၊ ရေထဲလည်းသိပါတယ်။ ဒီသဘောပါဘဲ၊ ၀ိပဿနာတရားအားမထုတ်တဲ့သူကတော့ ငြင်းမှာပါဘဲ။ သူမှမလုပ်သေးတာ၊ သူလုပ်ရင်တော့ သိမှာပေါ့၊ ၀ိပဿနာတရားအားထုတ်တဲ့သူကတော့ မရွှေလိပ်လိုပါဘဲ၊ လောကီလည်း အာရုံပြုလို့ရသလို လောကုတ္တရာ ထဲလည်း မျက်မှောက်ပြုလို့ရပါတယ်။ ၀ိပဿနာကိုတကယ်လုပ်ပြီး တကယ်ကျင့်မှသာမဂ်၊ ဖိုလ်၊ နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်မှာဖြစ်ပါတယ်။ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်မျက်မှောက်ပြုနိုင်မှသာ ချမ်းသာအစစ်ကိုခံစားရမှာဖြစ်ပါ တယ်။

နိဗ္ဗာန်ချမ်းသာအစစ်ဟာ ဘယ်လောက်များငြိမ်းအေးသလဲဆိုရင်ဘုရားရှင်ကိုယ်တော်မြတ်ကြီးပင် လျှင် ပရိသတ်အားလုံးက သာဓုလို့ခေါ်နေတဲ့တို တောင်းလှတဲ့အချိန် ကြားကာလလေးမှာပင်လျှင် ဖိုလ်ဝင်စား နိဗ္ဗာန်ချမ်းသာကိုခံစားနေပါတယ်။အဲဒီလိုဝိပဿနာ အားထုတ်ခြင်းဖြင့် ကျန်းမာရေး ကောင်းတယ်၊ အနေတတ်တယ်၊ အသေတတ်တယ်/ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်မျက် မှောက်ပြုနိုင်တယ် ဆိုတဲ့အကျိုးကျေးဇူးတွေ ရရှိမယ်ဆိုတာကို ရှင်းပြတာတောင် တစ်ချို့ကလက်မခံချင်ဘူး။ လူ့ခွစာတွေရှိပါတယ်။ သူတို့ကဘယ်လိုပြောလဲဆိုရင် ကျန်းမာရေးကောင်းတာဝိ ပဿနာလုပ်မှ မဟုတ်ဘူး၊ငါအားကစားလုပ်နေတယ်၊ ကျန်းမာရေးကဒေါင်ဒေါင်မြည်တယ်။ အနေတတ်ဖို့ ကျတော့လည်း ငါ့မှာပိုက်ဆံရှိတယ်၊ လူတကာနဲ့ ပေါင်းသင်းနေထိုင်တတ်တယ်။ အသေတတ်ဖို့ ပြောပြန်တော့ လည်း ငါငယ်ပါသေးတယ်၊ အသေတတ်ဖို့ မလိုသေးဘူး၊ မသေနိုင်သေးဘူး။ မဂ်၊ဖိုလ်၊နိဗ္ဗာန် မျက်မှောက် ပြုနိုင်တယ်ဆိုတော့လည်း မဂ် ဖိုလ် မပြောနဲ့၊ နိဗ္ဗာန်တောင်မလိုချင်ဘူး ဆိုပြီး တကယ့်လူ့ခွစာတွေရှိပါတယ်။ အဲဒီလိုလူမျိုးတွေကိုကျတော့ ဆုံးဖြတ်ချက်မှန်ပါစေ လို့တစ်လုံးတည်းပြောလိုက်ပါ။ဆုံးဖြတ်ချက်ဆိုတာ သူတောင်းစားလည်း ဆုံးဖြတ်ရတယ်၊ ဒီနေ့ဘယ်မှာသွားတောင်းစားမလဲလို့။ ကုန်သည်၊ ပွဲစား၊ လုပ်ငန်းရှင်၊ ဘုရင်ကြီးတွေကလည်းဆုံးဖြတ်ချက်ချရပါတယ်။ ဒါမှလည်း မိမိတို့လုပ်ငန်း ဆောင်တာများအောင်မြင်မှာဖြစ်ပါတယ်။ အဲဒီဆုံးဖြတ်ချက်ဟာ မှန်ဖို့၊ မြန်ဖို့၊ ပြတ်သားဖို့လိုအပ်ပါတယ်။်အဲဒီ မှန်ဖို့၊ မြန်ဖို့၊ ပြတ်သားဖို့ဆိုတဲ့ ဆုံးဖြတ်ချက်ကို သမာဓိရှိရင်သာမန်ထက်ပိုပြီး မှန်၊ မြန်၊ ပြတ်သားစွာ အကောင်းဆုံး ဆုံးဖြတ်နိုင်ပါတယ်။ သမာဓိဆိုတာအာရုံတို့သည် တစ်ခုတည်း၊ တစ်နေရာတည်းပေါ်မှာ စူးစိုက်စုစည်းလိုက်တဲ့အတွက် တည်ငြိမ်ပြီး၊ ကြည်လင်လာတာက သမာဓိလို့ခေါ်တယ်။ သမာဓိကတောင် မှန် မြန် ပြတ်သား တဲ့ဆုံးဖြတ်ချက်ကို အကောင်းဆုံးလုပ်ဆောင်ပေးနိုင်တယ်ဆိုရင် ၀ိပဿနာကျင့်နေတဲ့သူ တွေအတွက်က ပိုပြီးလုပ်ဆောင်ပေးနိုင်မှာဖြစ်တဲ့အတွက်
ဝိပဿနာကိုကြိုးစားအားထုတ်ပါလို့တိုက်တွန်းချင် ပါတယ်။

 

Email :  Admins@theravada-3p.org
URL   :   www.theravada-3p.org
Tel : 01 - 382 111

   Contact Us 
တိပိဋက ဓမ္မရက္ခိတ ဗိမာန်တော်
အမှတ်(၁၅)၊ ကြားတောရလမ်း၊ဗဟန်းမြို့နယ်
(ရွှေတိဂုံဘုရားရှေဘက်ကြေးသွန်းဘုရားကြီးအနီး) ရန်ကုန်။

 
 

Copyright © 2007 www.theravada-3p.org

Created by CREATiVE Web Studio

blog counter