|
အရိယာပုဂ္ဂိုလ်ဖြစ်ပုံ. |
|
လက္ခဏာ (၄)ပါး |
ဖုံးထား |
ဖြစ်ပေါ် |
ပညတ်ပယ်
|
အရိယာပုဂ္ဂိုလ် |
|
အနိစ္စ |
သန္တတိ |
မာန |
သန္တတိ
(သံယောဇဉ် (၁၀) ပါးစလုံးပယ်) |
ရဟန္တာ |
|
အနတ္တ |
ဃန |
မောဟ |
ဃန
(အောက်သံယောဇဉ် (၅) ပါးပယ်) |
အနာဂါမ် |
|
အသုဘ |
သုဘ |
လောဘ |
သဏ္ဌာန
(အလယ်သံယောဇဉ် (၂) ပါးခေါင်းပါးပြီး
အောက်သံယောဇဉ် (၃)ပါးပယ်) |
သကဒါဂါမ် |
| ဒုက္ခ |
ဣရိယာပထ |
ဒေါသ |
ပုဂ္ဂလ/နာမ
(အောက်သံယောဇဉ် (၃)ပါးပယ်) |
သောတပန် |
|
|
|
|
၃၈ ဖြာ မင်္ဂလာ. |
|
|
|
|
|
(၁) အ သေ၀နာစ ဗာလာနံ =
လူမိုက် ကို
မပေါင်းရ။
(၂) ပဏ္ဍိတာနဉ္စ သေ၀နာ = ပညာရှိကို
ပေါင်းခြင်း။
(၃) ပူဇာစ ပူဇနေယျာနံ =
ပူ ဇော်ထိုက်သူ
ပူဇော်ခြင်း။
(၄) ပတိရူပဒေသ၀ါသောစ = အရပ်ကောင်း၌
နေခြင်း။
(၅) ပုဗ္ဗေစ ကတပုညတာ =
ရှေး
ဘ၀က
ကုသိုလ်ရှိခြင်း။
(၆) အတ္တသမ္မာ ပဏိဓိစ = ကိုယ်စိတ်နှစ် ပါး
ကောင်းစွာထားခြင်း။
(၇) ဗာဟုဿစ္စဉ္စ = အကြား အမြင်
ဗဟုသုတများခြင်း။
(၈) သိပ္ပဉ္စ = အပြစ်ကင်း
လက်
မှုပညာတတ်ခြင်း။
(၉) ၀ိနယောစ သုသိက္ခိတော =
ကျင့် ၀တ်
ဝိနည်းသင်ခြင်း။
(၁၀) သုဘာသိတာစ ယာဝါစ =
ချို
သာ
စကားပြောခြင်း။
(၁၁) မာတာပိတု ဥပဋ္ဌာနံ = အမိ အဖကို
လုပ်ကျွေးပြုစုခြင်း။
(၁၂) ပုတ္တဒါရဿ သင်္ဂဟော =
သား သမီး၊ ဇနီးကို
ထောက်ပံ့ခြင်း။
(၁၃) အနာကုလာစ ကမ္မန္တာ = ရှုပ်
ထွေးခြင်းကင်းသော
အလုပ်လုပ်ခြင်း။
(၁၄) ဒါနဉ္စ =
ဒါ နပြုခြင်း၊
စွန့်လွတ်ခြင်း။
(၁၅) ဓမ္မစရိယာစ =
သုစရိုက်ကို ကျင့်ခြင်း။
(၁၆) ဉာတကာနဉ္စ သင်္ဂဟော = ဆွေမျိုးကို
ထောက်ပံ့ခြင်း။
(၁၇) အန၀ဇ္ဇာနိ ကမ္မာနိ =
အပြစ်မရှိ
အလုပ်လုပ်ခြင်း။
(၁၈) အာရတီ = မကောင်းမှုကို စိတ်ဖြင့်
ရှောင်ခြင်း။
(၁၉) ၀ိရတီ ပါပါ = မကောင်းမှုကို
ကိုယ်၊
နှုတ်ဖြင့် ရှောင်ခြင်း။
|
(၂၀) မဇ္ဇပါနာစ သံယမော =
မူးယစ်၊ စိတ်ကိုပြောင်းလဲစေနိုင်သော
ပစ္စည်းမသုံးခြင်း။
(၂၁) အပ္ပမာဒေါစ ဓမ္မေသု = သုစရိုက်ကို
မမေ့ခြင်း။
(၂၂) ဂါရဝေါစ =
ဂုဏ် ကြီးသူကို
ရိုသေခြင်း။
(၂၃) နိဝါတောစ =
မာန် မာနကို
နှိမ့်ချခြင်း။
(၂၄) သန္တုဋ္ဌိစ = ရောင့်ရဲလွယ်ခြင်း။
(၂၅) ကတညုတာ = ရှေးက သူ့ကျေးဇူး ကို
အထူးသိမြင်ခြင်း။
(၂၆) ကာလေန ဓမ္မာဿဝနံ = တရား
နာ ခြင်း။
(၂၇) ခန္တီစ = သည်းခံခြင်း။
(၂၈) သောဝစဿတာ =
ဆုံးမ ခံယူလွယ်ကူခြင်း။
(၂၉) သမဏာနဉ္စ ဒဿနံ = ရဟန်းအစစ်တို့ကို
ဖူး မြင်ရခြင်း။
(၃၀) ကာလေန ဓမ္မသာကစ္ဆာ = တရားဓမ္မ
ဆွေးနွေးခြင်း။
(၃၁) တပေါစ =
ကိလေသာကင်းသော အကျင့်
ကျင့်ခြင်း။
(၃၂) ဗြဟ္မစရိယဉ္စ =
မေထုန်ရှောင်သော
အကျင့်ကျင့်ခြင်း။
(၃၃) အရိယသစ္စာန ဒဿနံ = သစ္စာလေးပါးတရားကို
သိမြင်ခြင်း
(သစ်)
(၃၄) နိဗ္ဗာန သစ္ဆိကိရိယာစ = အရဟတ္တဖိုလ်ကို
မျက်မှောက်ပြုခြင်း။
(နိဗ်)
(၃၅) ဖုဋ္ဌဿ လောကဓမ္မေဟိ =
လောကဓံနှင့်
ကြုံသော် မတုန်လှုပ်ခြင်း။
စိတ္တံယဿ န ကမ္ပတိ
(၃၆) အ သော ကံ = စိုးရိမ်ပူဆွေး
ငိုကြွေးမှု မရှိခြင်း။
(၃၇) ၀ိရဇံ = ရာဂ ဒေါသ မောဟ မြူမှေး
အညစ်အကြေးမရှိခြင်း။
(၃၈) ခေမံ = ကြောက်လန့်ဖွယ်ရေး
ဘေးမရှိခြင်း။ |
|
|
|
|
|
|
|
|
မိဘ
ဆရာ ကျေးဇူးရှင်များ - ကို
ကျေးဇူးကျေအောင်ဆပ်နည်း.
ဂုဏ် = ဂုဏ = ကျေးဇူး =
အကျိုးရှိအောင်ဆောင်ရွက်မှု |
|
၁။ ကျေးဇူးရှင်များ၏ (က) ပြောစကားနားထောင်ခြင်း၊
(ခ) ပြုစုစောင့်ရှောက်ကူညီခြင်း၊ (ဂ)
ကျွေးမွေးခြင်း (အခြေခံအဆင့်)
၂။ ကျေးဇူးရှင်များကို ဦး (၃)ကြိမ်ချကန်တော့ခြင်း
(အလယ်တန်းအဆင့်)
(ပ) ကျေးဇူးရှင်များ၏ဂုဏ်ကျေးဇူးကို
သေသေချာချာ
နားလည်သဘောပေါက်ပြီး ကံ(၃)ပါး (မနော၊ ၀စီ၊
ကာယ) ဖြင့် ရိုသေစွာ ဂုဏ်ကိုကန်တော့ခြင်း။
(ဒု) ကျေးဇူးရှင်များအပေါ်တွင် ဘ၀သံသရာ အဆက်ဆက်
မှစပြီး ယခုအချိန်ထိ ကံ (၃)ပါးတို့ဖြင့် ကျူးလွန်မိခဲ့
သော အပြစ်တို့ကို ခွင့်လွှတ်ပါရန်
တောင်းပန်
ကန်တော့ခြင်း။
(တ) ကျေးဇူးရှင်များမှ အချိန်မရွေး၊ နေရာမရွေး
မေတ္တာ
ရှေ့ထားပြီး သွန်သင်ဆုံးမပေးပါရန် အပ်နှံ ကန်တော့
ခြင်း။
၃။ ကျေးဇူးရှင်များကို သံသရာလွတ်မြောက်ကြောင်း
"၀ိပဿနာတရား" ကြိုးစားအားထုတ်နိုင်ရေးနှင့်
"အရိယာပုဂ္ဂိုလ်" ဖြစ်နိုင်ရေးအတွက် အထူးတိုက်တွန်း
ကူညီခြင်း (အထက်တန်းအဆင့်)
ကျေးဇူးဆပ်ခြင်း (၃)မျိုးစလုံးပြည့်စုံမှ
ကျေးဇူးကျေမည်။
|
|
|
စတုရာရက္ခတရား (၄) ပါး.
(ကိုယ်စောင့်တရား) |
|
(၁) ဗုဒ္ဓါနုဿတိ - ဘုရားဂုဏ်တော်ပွားများခြင်း
(အဓိပ္ပါယ်နှစ်လုံးသွင်း)
(၂) မေတ္တာဘာဝနာ - သတ္တ၀ါအားလုံး “ကောင်းခြင်းအပြည့်”
ရှိကြစေရန်ပွားများခြင်း (ကံ (၃)ပါးစလုံးဖြင့်)
(၃) မရဏာနုဿတိ - (A) သမုတိမရဏ - သတ္တ၀ါများ
သေဆုံးလို့ ဘ၀ကူးပြောင်းခြင်း (သံဝေဂကိုသာရသည်)
(B) ပရမတ္ထမရဏ - သတ္တ၀ါများ ရုပ်/နာမ် (၂)ပါး
(ဖောက်ပြန်/ခံစား) စက္ကန့်မလပ် ဖြစ်/ပျက် မှုကို
ရှုမှတ်ခြင်း (၀ိပဿနာ)
(၄) အသုဘ - ကမ္မဋ္ဌာန်း - (A) အသေကောင်၏ပျက်စီးမှုကို
တစ်မျိုးတည်း ၊ တသမတ်တည်း ”တည်နေအောင် ရှုခြင်း”
(သမထ)
(B) သတ္တ၊ သြကာသ၊ သင်္ခါရ လောက (၃)ပါးလုံး ပျက်၊
ပြို၊ ပြုတ်၊ ပြန့် - (အနိစ္စ၊ ဒုက္ခ၊
အနတ္တ)လက္ခဏာတို့ဖြင့် စက်ဆုပ်ရွံရှာဖွယ်ဖြစ်လာပြီး
“မတင့်တယ်သောသဘော” ရောက်အောင် ရှုခြင်း
(၀ိပဿနာ)
ကိုယ်စောင့်တရား (၄)ပါးကို မိမိက
စောင့်ရှောက်လိုက်လျှင် ၄င်းတရား (၄)ပါးက
မိမိကိုပြန်လည်၍စောင့် ရှောက်ခြင်း ကြောင့်
ကိုယ်စောင့်တရား ဟုခေါ်သည်။
ပုဂ္ဂိုလ်၊ နေရာ၊ အချိန်မရွေး ယခုချက်ခြင်းမှစပြီး
တစ်သံသရာလုံး နိဗ္ဗာန်ထိတိုင်
သုံးလို့မကုန်နိုင်သော အငြိမ်းဓါတ် ကို
ရရှိနိုင်သောကြောင့် ဘုရားရှင်မှ
အမြဲစောင့်ရှောက်ခိုင်းသည်။
|
|
|
|
အသုဘ(သံဝေဂ)ကို
နှလုံးသွင်းပွားများကြပါစို့. |
|
အ၀ိဇ္ဇာ ပိတ်ကာဆို့ မိစ္ဆာမြို့ပြင်ပြင်
(ဣဋ္ဌာလို့ ခင်မင်လျှင်)၂ လွှင့်စင်မည်မလွဲ
(အရွတ်စု အပုပ်ကောင် ကို)၂ အဟုတ်ယောင်
မှားဖို့ဖန်နဲ .....
(အသုဘရုပ် တစ္ဆေငယ်)၂ မဟုတ်လေ ကိုယ်ထဲ
အပုပ်ရေ စိုတရွှဲဟာမို့ ယိုမစဲသူ့မှာ
သွေးသည်းခြေပြည်သလိပ်တွေက တည်မဆိတ်
လျှမ်းပြည့်သည်သာ
(သို့ကလောက် ရွံစရာပါကို)၂ လွန်တဏှာမက်စွဲလို့
စက်ဝဲမှာ တပေပေ မွန်းနစ်ကြပလေ ....
(တဏှာဖမ်းတဲ့ အကန်းတွေမှာ)၂ အပန်းမပြေ ဟိုက်မော
ရှာကြလေး ....
(တဏှာပူးတဲ့ အရူးတွေမှာ)၂
အမူးမပြေမိုက်မောရှာကြလေး.... (တဏှာလိုက် တဲ့
အမိုက်တွေမှာ) အဟိုက်မပြေပင်ပန်းရှာကြလေး .....
|
|
|
ဝိပဿနာ အားထုတ်ရခြင်း ရည်ရွယ်ချက်. |
|
(၁)
ဘုရားအကြိုက် (၀ိပဿနာဖြင့်သာ ပူဇော်ရန်
ဖိတ်ခေါ်ပါသည်။)
(၂) ကိုယ့်အကြိုက် (လူဖြစ်ရကျိုးနပ်ခြင်း၊
ဘုရားသာသနာနဲ့
မှီရကျိုးနပ်ခြင်း)။
ဝိပဿနာ အားထုတ်ရခြင်းအကျိုး (၄) မျိုး
(၁) ကျန်းမာရေးအထူးကောင်းမွန်ခြင်း
(၂) အနေတတ်ခြင်း
(၃) အသေတတ်ခြင်း
(၄) မဂ်၊ ဖိုလ်၊ နိဗ္ဗာန်မျက်မှောက်ပြုနိုင်ခြင်း။
(ဆုံးဖြတ်ချက် မှန် - မြန် - ပြတ်သား နိုင်သည်။)
|
|
|
|
ဘ၀အောင်မြင်ရေး. |
|
၁။ ပညာရှာ-သမုဒ္ဒရာပမာ
အမြင်ကျယ်-စကြ၀ဠာ
ပုံတော်အတွင်း-ဂုဏ်တော်သွင်း
ကျေးဇူးဆပ်ချင်-(၃)မျိုးပြင်။
၂။ သီလရှိတာ-စိန်ပွင့်ပမာ (မာ၊ လင်း၊ ဈေး)
တန်ဖိုးဈေးနှုန်း ခွဲသိပါ။
သီလပညာ-တွဲပါမှ
ဘ၀တန်ဖိုးလူ့တန်ခိုးရ။
၃။ ဒုရှောင်သုဆောင်-သန့်ရှင်းအောင်
ဘုန်းကံကြီးထွား - ပုည (၁၀)ပါး
ရွှေအိုး (၈) လုံး အစဉ်သုံး၊
မြင့်မြတ်ပုဂ္ဂိုလ် ဖြစ်လိမ့်မည်။
|
|
|
ဗိုလ် (၅) ပါး. |
|
(၁)
သဒ္ဓါ - ယုံကြည်၊ ရိုသေ၊ လေးစား
(၂) ၀ီရိယ - အားစိုက်၊ ကြိုးစား၊ ဇွဲရှိ၊ သည်းခံ
(၃) သတိ - ပစ္စုပ္ပန်တည့်တည့်တွင်
ဖြစ်စဉ်တိုင်းကိုသိ
(၄) သမာဓိ - အာရုံတို့သည် တစ်နေရာတည်းအပေါ်တွင်
စူးစိုက်/စုစည်းလို့ တည်ငြိမ်ပြီး ကြည်လင်
လာခြင်း
(၅) ပညာ - အမှား/အမှန် ၊
အကောင်း၆/အဆိုး
အကြောင်း/အကျိုးခွဲခြား
သိမြင်ခြင်း။ ဗိုလ် - ဗလ - အထွဋ်အထိပ် |
|
|
|
သရဏဂုံပျက်သူ. |
|
(၁) သေဆုံးသူ
(၂) အခြားဘာသာသို့ ကူးပြောင်းသူ
(၃) ကိုးကွယ်မှုမှားယွင်းသူ
(ဥပမာ - ဘုရားအဆုံးအမတွင် မပါသော
သစ်သီးအမျိုးမျိုးကိုလည်းကောင်း၊
မခိုင်မာသည့်ရုပ်ပုံ၊ ပန်းပုများကိုလည်းကောင်း၊
မမြင်မသိရသည်များကို သူများအပြောဖြင့် မျက်စိမှိတ်ပြီး
ကိုးကွယ်သူ)
သရဏဂုံတည်သူ (ဗုဒ္ဓဘာသာဝင်အစစ်ဖြစ်သူ)
- ဘုရား၊ တရား၊ သံဃာရတနာသုံးပါးတို့၏ ဂုဏ်တော်
(ကျေးဇူး) ကို အစဉ်နှလုံးသွင်းကာ
အားကိုးအပ်နှံပြီး ရတနာသံးပါးတို့၏ အဆုံးအမကိုသာ
လိုက်နာကျင့်သုံးနေသူသည်သာလျှင် သရဏဂုံတည်သူ
ဖြစ်လေ သည်။
|
|
|
သမ္မာဒိဋ္ဌိ (၆) မျိုး. |
|
(၁) ကမ္မဿကတာ (သမ္မာဒိဋ္ဌိ)
(၂) ဈာန (သမ္မာဒိဋ္ဌိ)
(၃) ၀ိပဿနာ (သမ္မာဒိဋ္ဌိ)
(၄) မဂ္ဂ (သမ္မာဒိဋ္ဌိ)
(၅) ဖလ (သမ္မာဒိဋ္ဌိ)
(၆) ပစ္စဝေက္ခနာ (သမ္မာဒိဋ္ဌိ)
|
|
|
|
ဘုရားဂုဏ်တော် (၉) ပါး. |
|
(၁) အရဟံ
(က) အရဟံ = လူနတ်
ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံထိုက်ခြင်း။
(ခ) အရ ဟံ =
ကိလေသာရန်သူတို့ကို ပယ်သတ်တော်မူပြီးဖြစ်ခြင်း။
(ဂ) အ ရဟံ =
ဆိတ်ကွယ်ရာ၌ပင် မကောင်းမှု မပြုခြင်း။
(၂) သမ္မာသမ္ဗုဒ္ဓ
= အလုံးစုံသောတရားတို့ကို ဆရာမရှိဘဲ
ပါရမီစွမ်းအားဖြင့်သိခြင်း။
(၃) ၀ိဇ္ဇာစရဏသမ္ပန္န = အသိဥာဏ် (၀ိဇ္ဇာ)၊
အကျင့်တရား (စရဏ) တို့နှင့် ပြည့်စုံခြင်း။
(၄) သုဂတ
= ကောင်းမြတ်သောစကား (သီလ၊ သမာဓိ၊ ပညာ)
ကိုသာပြောခြင်း (ကောင်းသောလာခြင်း/သွားခြင်း)
(၅) လောက၀ိဒူ
= လောကကြီးသုံးပါးကို သိခြင်း။ (သတ္တ၊ သြကာသ၊
သင်္ခါရ)
(၆) အ
နုတ္တရောပုရိသဒမ္မသာရတိ
= ရိုင်းစိုင်းသော တိရိစ္ဆာန်၊ လူ၊ နတ်တို့ကို
ယဉ်ကျေးသိမ်မွေ့အောင် ဆုံးမခြင်း။
(၇) သတ္ထာဒေ၀ မနုဿာနံ = လူ နတ် ဗြဟ္မာ သတ္တ၀ါ
အားလုံးတို့၏ ဆရာဖြစ်ခြင်း။
(၈) ဗုဒ္ဓ
= အမှန် (သစ္စာ) တရားလေးပါးကို သိခြင်း၊
ဟောကြားပြသခြင်း။
(၉) ဘဂ၀ါ
= ဘုန်းတော် (၆) ပါးနှင့်ပြည့်စုံခြင်း။
|
|
|
|
တရားဂုဏ်တော် (၆) ပါး. |
|
(၁) ဟော = ဘုရားကိုယ်တိုင်ဟောခြင်း။
(၂) ကိုယ် = ကျင့်ကြံသူအတွက်
မျက်မှောက်ဘ၀၌ပင် ကိုယ်တိုင်ရှုမြင်နိုင်ခြင်း။
(၃) ဆိုင်း = ရှုပွားသူအတွက်
မဂ်ပြီးလျှင် ဖိုလ်အချိန်မဆိုင်းဘဲဖြစ်ခြင်း။
(၄) ဖိတ် = တရားနှင့်ပတ်သက်ပြီး
ရဲရဲဝံ့ဝံ့ ဖိတ်ခေါ်ရဲခြင်း။
(၅) ကပ် = မိမိသန္တာန်၌ အစဉ်ကပ်၍
ဆောင်ထားသင့်ခြင်း။
(၆) လက် = မဂ်၊ ဖိုလ်၊ နိဗ္ဗာန်
ဓမ္မရသကိုလက်တွေ့ခံစားနိုင်ခြင်း။
|
|
|
|
သံဃာ့ဂုဏ်တော် (၉) ပါး. |
|
အကြောင်း
(၁) ကောင်း = ကောင်းသောအကျင့်ရှိခြင်း။
(၂) ဖြောင့် = ဖြောင့်မတ်စွာကျင့်ကြံခြင်း။
(၃) နိဗ် =
နိဗ္ဗာန်ရောက်ရေးကျင့်ခြင်း။
(၄) လော = လောကုတ္တရာတရားနဲ့
အညီကျင့်ခြင်း။
အကျိုး
(၅) ဝေး =
အဝေးကသယ်ဆောင်လာသည့် ပစ္စည်းကိုပင် ခံယူထိုက်ခြင်း။
(၆) ဧည့် = ဧည့်သည်အတွက်
အထူးစီမံထားသည့်ပစ္စည်းကိုပင် အလှူခံထိုက်ခြင်း။
(၇) မြင့် =
မြင့်မြတ်သောအလှူကို ခံထိုက်ခြင်း
(၈) လက် = လက်အုပ်ချီမိုး
ရှိခိုးခြင်းကို ခံထိုက်ခြင်း။
(၉) လယ် = သတ္တ၀ါအပေါင်းတို့၏
ဒါနမျိုးစေ့ စိုက်ပျိုးရာ လယ်မြေ ကောင်းဖြစ်ခြင်း။
|
|
| |
|
|
မီး(၁၁)ပါး |
ကိလေသာ(၁၄)ပါး |
သံယောဇဉ် (၁၀)ပါး.. |
|
|
|
|
|
|
(၁) လော
လောဘ
(၂) ဒေါ
ဒေါသ
(၃) မော
မောဟ
(၄) ဇာ
ဇာတိ
(၅) ဇ
ဇရာ
(၆) မ
မရဏ
(၇) သော သောက
(၈) ပ
ပရိဒေဝ
(၉) ဒု
ဒုက္ခ
(၁၀) ဒေါ
ဒေါမနဿ
(၁၁) ဥ
ဥပါယာသ
(မီးပုံအသွင်)
|
(၁) လော
လောဘ
(၂) ဒေါ
ဒေါသ
(၃) မော
မောဟ
(၄) မာ
မာန
(၅) ဒိ
ဒိဋ္ဌိ
(၆) ၀ိ
ဝိစိကိစ္ဆာ
(၇) ထိ
ထိန
(၈) ဥ
ဥဒ္ဓစ္စ
(၉) အ
အဟိရိယ
(၁၀) အ
အနောတ္တပ္ပ
(၁၁) ဣ
ဣဿာ
(၁၂) မ
မစ္ဆရိယ
(၁၃) ကု
ကုက္ကုစ္စ
(၁၄) မိ
မိဒ္ဓ
(၁၁)(၁၂)(၁၃)ကို (၂)တွင် ပေါင်းသည်
(၁၄)ကို
(၇)တွင်ပေါင်းသည်
(တံကျင်မခြား)
|
(၁) အ
အ၀ိဇ္ဇာ
(၂) ဥ
ဥဒ္ဓစ္စ
(၃) မာ
မာန
(၄) အ
အရူပရာဂ
(၅) ရူ
ရူပရာဂ
(၆) ဗျာ
ဗျာပါဒ
(၇) ကာ ကာမရာဂ
(၈) သီ
သီလဗ္ဗတပရာမာသ
(၉) ၀ိ
ဝိစိကိစ္ဆာ
(၁၀) ဒိ
ဒိဋ္ဌိ
လှောင်အိမ်/နှောင်အိမ်အလားကဲ့သို့
(ကြိုး)
|
|
|
|
|
|
|
| |
|