|
တစ်ခဏဖြစ်ရ လူ့ဘဝ
အနှစ်ပြည့်အောင်ကြိုးစားကြ
(၁) ဗုဒ္ဓသာသနာအနှစ်ချုပ်
(The Essence of Buddha’s Teachings)
(၂) ဗုဒ္ဓအဆုံးအမ အားလုံးတို့သည်ဗဟုသုတရရုံမဟုတ်ဘဲလက်တွေ့
လေ့ကျင့်ရန်နှင့် အကျိုးရှိအောင် အသုံးချရန် ဖြစ်သည်။
(Buddha’s Teachings are not for knowledge only but also for self
Practice & Implementation)
(၃) ဗုဒ္ဓသာသနာပြုကြရအောင်
(Buddhist Missionary)
(၁) ဗုဒ္ဓသာသနာအနှစ်ချုပ်
(The Essence of Buddha’s Teachings)
စကားလုံးများရဲ့ အဓိပ္ဂာယ်
(က) ကိုးကွယ်မှု =
အားကိုးလျှင် - ကာကွယ်ပေးခြင်း
(အမှား) - ကြောက်ရွံ့မှု (ကမ္ဘာဦးအစ ကပ်ဘေးများကြုံ)၊
ဆုလာဒ်ရလိုမှု (သားဆုပန်၊ လာဘ်လာဘလိုချင်) ကြောင့် မသိမမြင်၊
အကြောင်းအကျိုး မမှန်တာလုပ်သော မှားယွင်းသောအယူ
(အမှန်) - အကြောင်းအကျိုး မှန်ကန်မှုရှိသော ကိုးကွယ်မှုဆိုလျှင်
ခွန်အားမျှ ဖြစ်သည်။
(ခ) ဘာသာ = စကား၊ အပြော၊ အယူဝါဒ
ကမ္ဘာပေါ်တွင် ဘာသာကြီးလေးမျိုးအနက်မှ
ဟိန္ဒူဘာသာသည် ပထမဦးဆုံးပေါ်လာသည့် ဘာသာ ဖြစ်ပြီး စပေါ်သည့်
ခုနှစ်မသိရပါ။ ဗုဒ္ဓဘုရားအလောင်းသည် (ခရစ်တော်မပေါ်မီ) (၆၂၃
ခုနှစ်) မှာမွေးခဲ့သည်။
မိုဟာမက် (အစ္စလာမ်) ထက် (၁၁၇၀) နှစ်စောပြီး မွေးခဲ့သည်။
(ဂ) သာသနာ = အဆုံးအမ
- ပဋိပတ္တိသာသနာ = စာသင်၊ ဟောပြော၊ ဆွေးနွေး
- ပဋိပတ္တိသာသနာ = စာအသိ၊ အပြောအသိကို ခန္ဓာကိုယ်တွင်း ရှုမှတ်
- ပဋိဝေဓသာသနာ = ခန္ဓာတွင်း ရှုမှတ်ကျင့်လို့ မဂ်၊ ဖိုလ်၊ နိဗ္ဗာန်
အကျိုးရ
(ဃ) ကျေးဇူး = မိမိနှင့်အများအတွက် အကျိုးရှိစေသော
ဆောင်ရွက်ချက်
- အများဆိုင်ရာ ကျေးဇူးရှင် = ဘုရား၊ တရား၊ သံဃာ
- မိမိဆိုင်ရာ ကျေးဇူးရှင် = မိဘ၊ ဆရာ
(င) ပုံတော်နှင့်ဂုဏ်တော်
ပုံတော် = (မျက်စိမြင်) (ပျက်စီးနေ) (-)
(တစ်ခဏ) (အကာ)
ဂုဏ်တော် = (ဥာဏ်မြင်) (တိုးတက်နေ) (+)
(ထာဝရ) (အနှစ်)
(စ) ပါရမီ = မြင့်မြတ်သူတို့ ဖြည့်စွမ်းရသောအလုပ်
Noble deed, Noble task
(ယခုဖြည့်ချင် ယခုဖြည့်လို့ရ၊ မြင့်မြတ်စိတ်ထားပြီး ဖြည့်ရန်သာလို)
ဗုဒ္ဓ၀င်အကျဉ်း
(က) ရသေ့ဖြစ်ခြင်း
သုမေဓာရသေ့ဘ၀မရောက်မီ ဘုရားအလောင်းတော်၏ မိဘနှစ်ပါး
လွန်စွာပစ္စည်းဥစ္စာချမ်းသာပေမဲ့ ၄င်းမိဘနှစ်ပါးသေဆုံးသည့်အခါ
ပစ္စည်းဥစ္စာများ ဘာမျှယူမသွားနိုင်သောကြောင့် လူတွေမှ သေဆုံးလို့
ဘာမျှ ပါမသွားနိုင်တာရှိလျှင် သေဆုံးပြီးပါအောင် ယူသွားနိုင်တာ
ရှိကိုရှိရမယ်လို့ တွေးမိပြီး ပစ္စည်းဥစ္စာ အားလုံး
စွန့်လွှတ်လှူဒါန်းပြီး ရသေ့ဘ၀ပြောင်း တရားကျင့်ခဲ့သည်။
(ခ) ဆန္ဒာဓိပတိ
ဘုရားအလောင်း သုမေဓာသည် ဒီပင်္ကရာဘုရားရှင်နှင့် တွေ့ပြီး
နိဗ္ဗာန်သို့ မျက်မှောက်ပြုနိုင်ပေမဲ့ ဒီပင်္ကရာ ဘုရားရှင်ကဲ့သို့
သတ္တ၀ါများအား လမ်းညွှန် (ကယ်တင်) လိုသော ဆန္ဒာဓိပတိကြောင့်သာလျှင်
ဘုရားဆုပန် လေသည်။
(ကိုယ့်အတွက်မကြည့်၊ အများအကျိုးအတွက်သာ ဆောင်ရွက်လိုသော
ဆန္ဒာဓိပတိသည် အမြင့်မြတ်ဆုံးသော ကျေးဇူးတော်ဖြစ်ပေသည်။)
(ဂ) ဗျာဒိတ်ယူခြင်း
ယခုမျက်မှောက်နေဆဲ ကမ္ဘာမတိုင်မီ အရှေ့လေးသင်္ချေကမ္ဘာတစ်သိန်းအစ
ဒီပင်္ကရာဘုရားရှင်၏ ခြေတော်ရင်း၌ သုမေဓာရှင်ရသေ့ဘ၀မှစပြီး
ဘုရားဆုပန် ဗျာဒိတ်ယူခဲ့သည်။ (တစ်ကမ္ဘာသည် မရေတွက်နိုင်
အောင်ကြာလှပြီး
အသင်္ချေတစ်ခုသည် တစ်၏နောက်မှ သုညပေါင်း
တစ်ရာ့လေးဆယ်ရှိသည်)။
(ဃ) ပါရမီ (ဆယ်ပါး -
အပြားသုံးဆယ်)
ဒါ
၁။ ဒါန
= ပေးလှူခြင်း
သီ
၂။ သီလ =
ကိုယ်နှုတ်စောင့်ထိန်းခြင်း
တော ၃။
နေက္ခမ္မ =
ကိလေသာတောမှထွက်ခြင်း
ပ
၎။ ပညာ =
အကြောင်းအကျိုး ဆင်ခြင်ထိုးထွင်းသိခြင်း
အား
၅။ ၀ီရိယ =
အားစိုက်ကြိုးစား လုံ့လရှိခြင်း
ခံ
၆။ ခန္တီ
= သည်းခံခြင်း
ဖြောင့် ၇။
သစ္စာ =
ဖြောင့်မတ်/မှန်ကန်ခြင်း
ဋ္ဌာန်
၈။ အဓိဋ္ဌာန် =
အဓိဋ္ဌာန်တည်ဆောက်ခြင်း၊ ပြတ်သားသောဆန္ဒ
ပွား
၉။ မေတ္တာ =
စင်ကြယ်သောချစ်ခြင်း
လစ်လျူ ၁၀။ ဥပေက္ခာ
= လစ်လျူရှုခြင်း/အသင့်အားဖြင့် ရှုခြင်း
- မူလပါရမီ (၁၀) ပါး
(ပိုင်ဆိုင်စည်းစိမ်အားလုံးနှင့် ဇနီး၊ သား၊
သမီးပါမကျန်ဖြည့်ခြင်း)
- ဥပပါရမီ (၁၀) ပါး
(စည်းစိမ် + ဇနီး၊ သားသမီးအပြင်
မိမိခန္ဓာကိုယ်အစိတ်အပိုင်း ပ်ါဖြည့်ခြင်း)
- ပရမတ္ထပါရမီ (၁၀) ပါး
(အသက်ကိုပါမကျန် ဖြည့်ခြင်း)
(င) ပါရမီဖြည့်ပုံ
(၁) ကြာမြင့်လှစွာသောအချိန်
(၂) မရပ်မနား
(၃) ချန်မထားဘဲ
(၄) ရိုရိုသေသေ
(၅) ပျော်ပျော်ကြီးဖြည့်
(စ) တိတိကျကျသေသေချာချာပွင့်တော်မူခြင်း
(၁) ပါရမီဖြည့်တာ တိကျသေချာ
(၂) မွေးဖွား နှစ်၊ လ၊ ရက် (မဟာသက္ကရာဇ် - ၆၈၊ ကဆုန်လပြည့်၊
သောကြာနေ့)
(၃) မိဘနှစ်ပါး (သုဒ္ဓေါဒနမင်းကြီး နှင့် မယ်တော်မာယာဒေ၀ီ)
(၄) မွေးဖွားနေရာ (အိန္ဒိယ နှင့် နီပေါနယ်စပ်အနီး၊
နီပေါနိုင်ငံပိုင် လုမ္ဗနီဥယျာဉ်)
(၅) လူသားအစစ်ဖြစ်ခြင်း
(၆) မွေးမွေးခြင်းဘုရားမဖြစ် ၊ ကျင့်ပြီးမှဖြစ် (ကျင့်စဉ်အားလုံး
တိကျသေချာပြထားသည်။)
(၇) ဘုရားဖြစ်သောရက် တိကျသေချာ (မဟာသက္ကရာဇ် - ၁၀၃၊ ကဆုန်လပြည့်၊
ဗုဒ္ဓဟူးနေ့)
(၈) ဘုရားပွင့်သည့်နေရာ (ဗုဒ္ဓဂါယာ)
ဗုဒ္ဓနှင့်ဆိုင်သောနေ့များ
ကဆုန်လပြည့် (၅) နေ့
(၁) ဗျာဒိတ်ယူသည့်နေ့ = လေး သင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။
(၂) ဘုရားမွေးသည့်နေ့ = မဟာသက္ကရာဇ် - ၆၈၊ ကဆုန်လပြည့် (သောကြာနေ့)
(၃) ဘုရားဖြစ်သည့်နေ့ = မဟာသက္ကရာဇ် - ၁၀၃၊ ကဆုန်လပြည့်
(ဗုဒ္ဓဟူးနေ့)
(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ = မဟာသက္ကရာဇ် - ၁၀၄၊ ကဆုန်လပြည့်
(၅) ပရိနိဗ္ဗာန်စံသည့်နေ့ = မဟာသက္ကရာဇ် - ၁၄၈၊ ကဆုန်လပြည့်
(အင်္ဂါနေ့)
(ကဆုန်လပြည့်၊ ကဆုန်ညောင်ရေသွန်းပွဲ ကျင်းပရခြင်း
အထိမ်းအမှတ်သည် ဘုရား၏ ပရိဘောဂစေတီ ကို စုပေါင်းပူဇော်ပြီး
ညောင်ပင်အသက်ရှည် စိမ်းလန်းစိုပြေသကဲ့သို့သာ သနာတော် သန့်ရှင်း၊
တည်တံ့၊ ပွားများ နိုင်ရန်)
ဝါဆိုလပြည့် (၅) နေ့
(၁) ပဋိသန္ဓေတည်သည့်နေ့
= မဟာသက္ကရာဇ် - ၆၇၊ ၀ါဆိုလပြည့် (ကြာသပတေးနေ့)
(၂) တောထွက်သည့်နေ့
= မဟာသက္ကရာဇ် - ၉၇၊ ၀ါဆိုလပြည့် (တနင်္လာနေ့)
(၃) ဓမ္မစကြာတရားဦး
= မဟာသက္ကရာဇ် - ၁၀၃၊ ၀ါဆိုလပြည့် (စနေနေ့)
(၄) သောတာပန်လူသား စပေါ်သည့်နေ့ = မဟာသက္ကရာဇ် - ၁၀၃၊ ၀ါဆိုလပြည့်
(စနေနေ့)
(၅) သံဃာရတနာစပေါ်သည့်နေ့ = မဟာသက္ကရာဇ် - ၁၀၃၊ ၀ါဆိုလပြည့် (စနေနေ့)
(သာသနာဝင်များသည် ၀ါဆိုလပြည့်နေ့၏ အဓိပ္ပယ်ကို လေးလေးနက်နက်
နားလည်သင့်ပေသည်။)
သီတင်းကျွတ်လပြည့်နေ့
(၁) ဘုရားရှင်သည် မယ်တော်မိနတ်သားအား ၀ါတွင်းသုံးလလုံးအဘိဓမ္မာတရား
ဟောကြားခြင်း
(၂) မိဘအားကျေးဇူးဆပ်အပြီး လူ့ပြည်ဆင်းစဉ် လူသားများဆီမီးဖြင့်
ပူဇော်ကန်တော့ခြင်းကို အစွဲပြုပြီး မီးဖြင့် ကန်တော့ကြသည်။
ဗုဒ္ဓအလိုတော်ကျမှာ
- အဘိဓမ္မာတရားတော် ပြန့်ပွားနားလည်အောင်လုပ်ရန်
- မိဘနှင့်ကျေးဇူးရှင်များကို ကျေးဇူးဆပ်ကန်တော့ရန်
(လွန်ကဲသော မီးထွန်းခြင်း၊ ဥပမာ - အိမ်သာမကျန် နှင့်
ဗျောက်အိုးနှင့် မီးရှူးမီးပန်းများဖောက်ကြခြင်းသည် မိမိတို့၏
ထုံးတမ်းအစဉ်အလာအရ လုပ်ကြခြင်းဖြစ်သည်။)
တပို့တွဲလပြည့်နေ့
ရာဇဂြိုလ်ပြည်၊ ဝေဠုဝန်ကျောင်းတိုက်၌ ရဟန္တာပေါင်း ၁၂၅၀ တက်ရောက်သော
‘ပထမသံဃသန္နိပါတ’ ပထမဆုံးသံဃာ့အစည်းအဝေးကျင်းပပြီး ဘုရားအဆူဆူ
ဆုံးမစကား သြ၀ါဒပါတိမောက် ချီးမြှင့်သောနေ့ဖြစ်ပြီး လက်ျာရံ
အဂ္ဂသာဝက အရှင်သာရိပုတ္တရာနှင့် လက်ဝဲရံ အဂ္ဂသာဝက
အရှင်မောဂ္ဂလာန်တို့အား ရာထူးအပ်နှင်း သောနေ့ဖြစ်သည်။
သြ၀ါဒပါတိမောက်၏ အနှစ်ချုပ်မှာ -
(၁) လွန်စွာ ချုပ်တည်းခြင်းတည်းဟူသော သည်းခံခြင်းသည်
အလွန်မြင့်မြတ်သော အကျင့်ပေတည်း။
(၂) မိမိစိတ်ကို သန့်ရှင်းဖြူစင်စေရာ၏။
(၃) ထူးမြတ်သောအကျင့်၌ လွန်စွာအားထုတ်ရာ၏။
ဓမ္မစကြာတရားတော်
ဘုရားအလောင်းတော်သည် (၂၉)နှစ်ထိ ကာမဂုဏ်အာရုံတို့ဖြင့်
ပျော်ပါးနေခဲ့သော ‘ကာမသုခလ္လ’ိကာနု ယောဂလက်ယာစွန်းရောက်နေစဉ်
လောဘကိုသာ ဖြစ်စေပြီး၊ (၂၉) နှစ်မှ (၃၅) နှစ်အထိ (၆) နှစ်လုံးလုံး
ခန္ဓာကိုယ်ကို အမျိုးမျိုးနှိပ်စက်ညှင်းဆဲပြီးကျင့်သော
ဒုက္ကရစရိယာအကျင့် ‘အတ္တကိလမထာနုယောဂ’ လက်ဝဲ စွန်း ရောက်နေစဉ်
ဒေါသကိုသာဖြစ်စေသဖြင့် တရားမရဖြစ်နေသောကြောင့်
၎င်းအစွန်းနှစ်ပါးကိုရှောင်ပြီး ‘မဇ္စျိမပဋိပဒါ’ (ခေါ်)
မဂ္ဂင်ရှစ်ပါးအကျင့်ကို ကျင့်မှသာလျှင် သစ္စာလေးပါး ကို
သိမြင်နိုင်သော တရားဖြစ်သည်ဟု ဟောကြားသော တရားဖြစ်သည်။
သစ္စာတရား (Universal Truth)
အစဉ်ထာဝရမှန်ကန်သောအမှန်တရား
(က) Person ပုဂ္ဂိုလ်မရွေး
(ခ) Place နေရာမရွေး
(ဂ) Time အချိန်မရွေး မှန်ကန်မှသာ သစ္စာတရားဖြစ်သည်။
ဗုဒ္ဓသာသနာအနှစ်ချုပ်
သစ္စာလေးပါးသည် အနှစ်ချုပ်ဖြစ်သည်။
(က) သိ = ဒုက္ခသစ္စာ
(ဖောက်ပြန်၊ နှိပ်စက်၊ လိုတာမရ၊ ရတာ လိုလို့
ဆင်းရဲခြင်း)
(ခ) ပယ် = သမုဒယသစ္စာ
(ဒုက္ခဖြစ်ပေါ်စေသော အကြောင်းတရား-လောဘ)
(ဂ) ဆိုက် = နိရောဓသစ္စာ
(ဒုက္ခသမုဒယချုပ်ငြိမ်းခြင်း-နိဗ္ဗာန်)
(ဃ) ပွား = မဂ္ဂသစ္စာ
(နိရောဓသို့ ဆိုက်ရန်ပွားသော မဂ္ဂင်ရှစ်ပါးအကျင့်)
မဂ္ဂင်ရှစ်ပါး (မဂ္ဂသစ္စာ)
သီလ
(၁) မှန်စွာပြော
(ပြော)
(စည်းကမ်း) (၂)
မှန်စွာပြုမူ
(ပြု)
(ကာယ+၀စီ) ထိန်း (၃) မှန်စွာအသက်မွေး
(မွေး)
သမာဓိ
(၄) မှန်စွာဝီရိယ (၀ီ)
(နည်းလမ်း) (၅)
မှန်စွာသတိ (တိ)
(မနော) ထိန်း (၆)
မှန်စွာသမာဓိ (ဓိ)
ပညာ
(၇) မှန်စွာသိမြင် (သိ)
(သဘောတရား) (၈) မှန်စွာတွေးခေါ် (တွေး)
(အရှိ/အမှန်)
မဂ္ဂင်ရှစ်ပါးကို ချုံ့လျှင် သီလ - သမာဓိ - ပညာ သိက္ခာသုံးပါးရပြီး
၎င်းသိက္ခာသုံးပါးကို အနှစ်ချုပ်လျှင် သတိတစ်လုံးသည်သာ ကျန်တော့သည်။
ဗုဒ္ဓ၏ နိဗ္ဗာန်ရောက်ကြောင်းသည် တစ်ကြောင်းတည်းသောလမ်း
မဟာသတိပဋ္ဌာန်တရားဖြစ်သည်။ (သတိတစ်လုံး အရှိသုံး အဆုံးနိဗ္ဗာန်တိုင်)
ကုသိုလ်ကောင်းမှု (၄) မျိုး
၁။ ဒါန (စွန့်လွှတ် - လှူဒါန်း)
၂။ သီလ (ကာယ + ၀စီ ထိန်းသောစည်းကမ်း)
၃။ သမထဘာဝနာ (ကမ္မဋ္ဌာန်းအာရုံတစ်ခုတည်းကိုသာ ရှုခြင်း)
၎။ ၀ိပဿနာ ဘာဝနာ (ရုပ်နာမ်တရားတို့၏ ဖြစ်ပျက်ကိုရှုခြင်း)
|
- ဒါန မူလတန်း လူတော် |
(ကံလမ်း) |
|
- သီလ အလယ်တန်း လူကောင်း |
|
- သမထဘာဝနာ အထက်တန်း လူမှန် |
|
- ၀ိပဿနာဘာဝနာ တက္ကသိုလ် လူမြတ် |
(ဥာဏ်လမ်း) |
မှတ်ချက်
- ဒါန၊ သီလ၊ သမထဘာဝနာ စသည်သုံးမျိုးသည် ဘုရားမပွင့်မီ
ကာလများစွာကပင် ရှိခဲ့ပေသည်။
- လူချမ်းသာ နတ်ချမ်းသာ ဗြဟ္မာချမ်းသာများကို ရစေပြီး ကံအကျိုးပေး
သာလျှင်ရရှိကာ သံသရာလည်ပြီး ဒုက္ခသစ္စာမှ မလွတ်မြောက်နိုင်ပေ။
- ဘုရားပွင့်လာရခြင်းသည် သတ္တ၀ါများအားလုံး ဒုက္ခဆင်းရဲအပေါင်းမှ
လွတ်မြောက်စေနိုင်သော ၀ိပဿနာရှုမှတ်ပွားများနိုင်စေရန်
လမ်းညွှန်ပေးရန် ဖြစ်ပြီး ဒုက္ခသစ္စာမှလွတ်မြောက်ပြီး နိရောဓသစ္စာ
(နိဗ္ဗာန်) သို့ မျက်မှောက်ပြုနိုင်သော ဥာဏ်အကျိုးပေး ကို
ညွှန်ပြပေးရန် ဖြစ်သည်။
သာသနာ (၃) ရပ်
ဗုဒ္ဓသာသနာ (အဆုံးအမ) သုံးရပ်ရှိသည်။
၁။ ပဋိယတ္တ္တိသာသနာ (ဟောပြောခြင်း၊ စာပေမှတ်တမ်းတင်ခြင်း၊
သင်ကြားခြင်း)
၂။ ပဋိယတ္တ္တိသာသနာ (မိမိခန္ဓာကိုယ်တွင်းသို့ မိမိဥာဏ်ဖြင့်
ရှုမှတ်ပွားများလေ့ကျင့်ခြင်း)
၃။ ပဋိဝေဓသာသနာ (ပဋိယတ္တိသာသနာ အကျင့်ကျင့်ပြီးမှသာလျှင် အရှိတရား၊
အမှန်တရား၊ သဘော တရားများ သိမြင်လာပြီး မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်၊
နိဗ္ဗာန်သို့ မျက်မှောက်ပြုအကျိုးရရှိခြင်း)
မှတ်ချက်
ဘုရားသာသနာ သုံးရပ်တွင် - သာသနာပြုရန် ပံ့ပိုးခြင်း၊
လုပ်ဆောင်ခြင်း၊ လေ့ကျင့်ခြင်း ပြုလုပ်နိုင်သည့်
အကျင့်နှစ်ဖြာဖြစ်သော ပရိယတ္တိနှင့် ပဋိပတ္တိသာရှိပေသည်။
(ပဋိဝေဓသာသနာသည် ကျင့်ပြီးမှသာလျှင် ရရှိသောအကျိုးဖြစ်ပေါ်လာခြင်း
ဖြစ်ပေသည်။)
ဘုရားဂုဏ်တော် (၉) ပါး
(၁) အရဟံ
(က) အရဟံ = လူနတ် ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံထိုက်ခြင်း။
(ခ) အရ ဟံ = ကိလေသာရန်သူတို့ကို ပယ်သတ်တော်မူပြီးဖြစ်ခြင်း။
(ဂ) အ ရဟံ = ဆိတ်ကွယ်ရာ၌ပင် မကောင်းမှု မပြုခြင်း။
(၂) သမ္မာသမ္ဗုဒ္ဓ = အလုံးစုံသောတရားတို့ကို ဆရာမရှိပါဘဲ
ပါရမီစွမ်းအားဖြင့်သိခြင်း။
(၃) ၀ိဇ္ဇာစရဏသမ္ပန္န = အသိဥာဏ် (၀ိဇ္ဇာ)၊ အကျင့်တရား (စရဏ) တို့နှင့်
ပြည့်စုံခြင်း။
(၄) သုဂတ = ကောင်းမြတ်သောစကား (သီလ၊ သမာဓိ၊ ပညာ) ကိုသာပြောခြင်း
(ကောင်းသောလာခြင်း^သွားခြင်း)
(၅) လောက၀ိဒူ = လောကကြီးသုံးပါးကို သိခြင်း။ (သတ္တ၊ သြကာသ၊ သင်္ခါရ)
(၆) အနုတ္တရောပုရိသ = ရိုင်းစိုင်းသော တိရိစ္ဆာန်၊ လူ၊ နတ်တို့ကို
ယဉ်ကျေးသိမ်မွေ့အောင် ဆုံးမခြင်း။
(၇) သတ္ထာဒေ၀ မနုဿာနံ = လူ နတ် ဗြဟ္မာ သတ္တ၀ါ အားလုံးတို့၏
ဆရာဖြစ်ခြင်း။
(၈) ဗုဒ္ဓ = အမှန် (သစ္စာ) တရားလေးပါးကို သိခြင်း၊ ဟောကြားပြသခြင်း။
(၉) ဘဂ၀ါ = ဘုန်းတော် (၆) ပါးနှင့်ပြည့်စုံခြင်း။
တရားဂုဏ်တော် (၆) ပါး
(၁) ဟော = ဘုရားကိုယ်တိုင်ဟောခြင်း။
(၂) ကိုယ် = ကျင့်ကြံသူအတွက် မျက်မှောက်ဘ၀၌ပင်
ကိုယ်တိုင်ရှုမြင်နိုင်ခြင်း။
(၃) ဆိုင်း = ရှုပွားသူအတွက် မဂ်ပြီးလျှင်
ဖိုလ်အချိန်မဆိုင်းဘဲဖြစ်ခြင်း။
(၄) ဖိတ် = တရားနှင့်ပတ်သက်ပြီး ရဲရဲဝံ့ဝံ့ ဖိတ်ခေါ်ရဲခြင်း။
(၅) ကပ် = မိမိသန္တာန်၌ အစဉ်ကပ်၍ ဆောင်ထားသင့်ခြင်း။
(၆) လက် = မဂ်၊ ဖိုလ်၊ နိဗ္ဗာန် ဓမ္မရသကိုလက်တွေ့ခံစားနိုင်ခြင်း။
သံဃာ့ဂုဏ်တော် (၉) ပါး
(၁) ကောင်း = ကောင်းသောအကျင့်ရှိခြင်း။
(၂) ဖြောင့် = ဖြောင့်မတ်စွာကျင့်ကြံခြင်း။
(၃) နိဗ် = နိဗ္ဗာန်ရောက်ရေးကျင့်ခြင်း။
(၄) လော = လောကုတ္တရာတရားနဲ့ အညီကျင့်ခြင်း။
(၅) ဝေး = အဝေးကသယ်ဆောင်လာသည့် ပစ္စည်းကိုပင် ခံယူထိုက်ခြင်း။
(၆) ဧည့် = ဧည့်သည်အတွက် အထူးစီမံထားသည့်ပစ္စည်းကိုပင်
အလှူခံထိုက်ခြင်း။
(၇) မြင့် = မြင့်မြတ်သောအလှူကို ခံထိုက်ခြင်း
(၈) လက် = လက်အုပ်ချီမိုး ရှိခိုးခြင်းကို ခံထိုက်ခြင်း။
(၉) လယ် = သတ္တ၀ါအပေါင်းတို့၏ ဒါနမျိုးစေ့ စိုက်ပျိုးရာ လယ်မြေ
ကောင်းဖြစ်ခြင်း။
သရဏဂုံပျက်သူ
(၁) သေဆုံးသူ
(၂) အခြားဘာသာသို့ ကူးပြောင်းသူ
(၃) ကိုးကွယ်မှုမှားယွင်းသူ
(ဥပမာ - ဘုရားအဆုံးအမတွင် မပါသော သစ်သီးအမျိုးမျိုးကိုလည်းကောင်း၊
မခိုင်မာသည့်ရုပ်ပုံ၊ ပန်းပုများကိုလည်းကောင်း၊
မမြင်မသိရသည်များကို သူများအပြော မျက်စိမှိတ်ပြီး ကိုးကွယ်သူ)
သရဏဂုံတည်သူ (ဗုဒ္ဓဘာသာဝင်အစစ်ဖြစ်သူ)
- ဘုရား၊ တရား၊ သံဃာရတနာသုံးပါးတို့၏ ဂုဏ်တော် (ကျေးဇူး) ကို
အစဉ်နှလုံးသွင်းကာ အားကိုးအပ်နှံပြီး ရတနာသုံးပါးတို့၏ အဆုံးအမကိုသာ
လိုက်နာကျင့်သုံးနေသူသည်သာလျှင် သရဏဂုံတည်သူ ဖြစ်လေ သည်။
|