www.theravada-3p.org


 Home

 
About Us

 
Vipassana

 
Knowledge


Forum


Contact Us 

 

 


အပါယ်ပိတ် တရား


ဓမ္မ ၏ ပင်ကိုယ်သတ္တိ

အပါယ်သို့ ကျရောက်ပုံ

လူ့ဘ၀ရခဲခြင်းနှင့် သံသရာ ရှည်လှပုံ

ဝိပဿနာ အဓိပ္ပါယ်

ဝိပဿနာ ကို ဘာကြောင့်အားထုတ်သင့်သလဲ

အပါယ်ပိတ်အောင် ကြိုးစားကြဖို့ တိုက်တွန်းခြင်း

အရိယာပုဂ္ဂိုလ် ဖြစ်ပုံ

ပညတ် ပရမတ်(ပရမတ္ထ)

အပါယ်ပိတ်တရား ( Video )

無幸処(悪趣)の門を閉じる法 

 


ဗုဒ္ဓသာသနာတော်သည် သန့်  ရှင်းပါမှ

တည်
  တံ့ပြီး
တည်တံ့ပြီးမှ သာလျှင်

ပြန့်  ပွား  နိုင်မည်။

တစ်ခဏဖြစ်ရ လူ့ဘ၀ အနှစ်ပြည့်အောင်ကြိုးစားကြ

(၁) ဗုဒ္ဓသာသနာအနှစ်ချုပ်
      (The Essence of Buddha’s Teachings)

(၂) ဗုဒ္ဓအဆုံးအမ အားလုံးတို့သည်ဗဟုသုတရရုံမဟုတ်ဘဲလက်တွေ့ လေ့ကျင့်ရန်နှင့် အကျိုးရှိအောင် အသုံးချရန် ဖြစ်သည်။
      (Buddha’s Teachings are not for knowledge only but also for self Practice & Implementation)

(၃) ဗုဒ္ဓသာသနာပြုကြရအောင်
      (Buddhist Missionary)


(၂) ဗုဒ္ဓအဆုံးအမ အားလုံးတို့သည်ဗဟုသုတရရုံမဟုတ်ဘဲ လက်တွေ့လေ့ကျင့်ရန်နှင့် အကျိုးရှိအောင် အသုံးချရန် ဖြစ်သည်။
     (Buddha’s Teachings are not for Knowledge only but also for Self Practice & Implementation)

အနှစ်သာရရှိလှခြင်း
- ဗုဒ္ဓဘုရားရှင် အဆုံးအမ အားလုံးသည် ဗဟုသုတ ရရုံပါးစပ်ဖျားလေးမှ ပြောနေ ဟောနေရုံမျှ လမ်းဆုံး နေတာမျိုးတစ်ခွန်းမျှ မရှိခဲ့ပါဘူး။

- အဆုံးအမတိုင်းသည်ကိုယ်တိုင်လက်တွေ့ ကျင့်ရမယ်ပြီးမှ မိမိနှင့်အများအကျိုးအတွက် အကျိုးရှိအောင် လက်တွေ့အသုံးချပြီးမှသာလျှင် အဓိပ္ပာယ် ပြည့်စုံပြီး ပန်းတိုင် (နိဗ္ဗာန်) သို့ မျက်မှောက်ပြုနိုင်ခြင်း သည်သာ အနှစ်သာရဖြစ်ပါသည်။


ချမ်းသာအစစ်
- လူချမ်းသာ နတ်ချမ်းသာ နိဗ္ဗာန်ချမ်းသာ သုံးမျိုးသော ချမ်းသာတို့တွင် လူနှင့်နတ်ချမ်းသာတို့သည် ဒုက္ခသစ္စာနယ် (ဖြစ်ပေါ်ခြင်း ချုပ်ပျောက်ခြင်း တို့က အစဉ်ထာဝရနှိပ်စက်သောနယ်) ထဲတွင်သာ ခံစား နေရပြီး သုံးဆယ့်တစ်ဘုံသံသရာလည်စေပြီး ချမ်းသာအတုဖြစ်သည်။

- နိဗ္ဗာန်ချမ်းသာ (မဖောက်မပြန် ပြုပြင်စီရင်မှုမရှိ ငြိမ်းအေးမှုအပြည့် ဒုက္ခအားလုံးချုပ်ဆုံးခြင်း သံသရာမှ လွတ်မြောက်ခြင်း ) သည်သာလျှင် မဟာသန္တိ သုခ ချမ်းသာအစစ် ဖြစ်ပေသည်။

ဘုရားကန်တော့ခြင်း
- ဗုဒ္ဓဘာသာဝင်တိုင်း ဘုရားကန်တော့ကြစဉ် သြကာသမှစပြီး ရွတ်ဆိုကြသည်။ (သြကာသ ဆိုသည်မှာ ခွင့်ပြုပါဘုရားဟု ခွင့်တောင်းခြင်းသာ ဖြစ်သည်။ လူယဉ်ကျေးတို့၏ အလေ့အထတစ်ခုဖြစ်သည်)
- သြကာသရွတ်ပြီး ဘုရားရှိခိုးနေစဉ် ဘုရားရှင်၏ ပုံတော် (အကာ) ကိုကြည့်ပြီး ဘုရားရှင်၏ ဂုဏ်တော် (အနှစ်) ကို ရည်မှန်းပြီးကန်တော့မှသာလျှင် အဓိပ္ပာယ်ပြည့်စုံပေသည်။

ဆုတောင်းခြင်း
- သြကာသဖြင့် ဘုရားကန်တော့ပြီးနောက် ဤသို့ ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး ကပ်သုံးပါးရပ်ပြစ်ရှစ်ပါး စသည်ဖြင့် ဘေးအပေါင်းမှလွတ်ရန် ရှည်လျားလှစွာသော ဆုတောင်းများကို ထုံးတမ်းစဉ်လာအရ ပါးစပ်ဖျားလေးဖြင့် ဆုတောင်းကာ နောက်ဆုံး နိဗ္ဗာန်ချမ်းသာ ကိုပင်လျှင် ပါးစပ်ဖြင့် တောင်းရုံနှင့်ရသကဲ့သို့မှားယွင်းစွာ ဆုတောင်းနေကြပေသည်။ အမှန်မှာ ဆုတောင်းသကဲ့သို့ လက်တွေ့ ကျင့်ရန်သာ အဓိက ဖြစ်သည်။

ကိုယ်တိုင်လေ့ကျင့်ခြင်း
(က) အပါယ်လေးပါး ဘေးမှလွတ်ရန်ကား
အပါယ်လေးပါးဆိုသော အဓိပ္ပာယ်နှင့် အပါယ်ကျစေနိုင်သော အကြောင်းတရားနှင့် အပါယ်လွတ်ရန် ကိုယ်တိုင် လေ့ကျင့်ရမည့်တရားတို့ကို သိရှိ လေ့ကျင့်ရန် လိုပေသည်။

(၁) တိရိစ္ဆာန်ဘုံရောက်ခြင်းသည် မောဟ (အမှားသိတွေဝေ) ကြောင့်ဖြစ်ပြီး ၄င်းမောဟဆိုသော အကြောင်းကို သတ်မှသာလျှင် အကျိုးတိရစ္ဆာန်ဘုံ မရောက်ခြင်းဖြစ်ပေသည်။

(၂) ပြိတ္တာဘုံရောက်ခြင်းသည် လောက (လိုချင်တပ်မက်) ကြောင့်ဖြစ်ပြီး ၄င်းလောဘဆိုသော အကြောင်းကို သတ်မှသာလျှင် အကျိုးပြိတ္တာဘုံ မရောက်ခြင်း ဖြစ်ပေသည်။

(၃) အသူရကာယ် (အရံငရဲ) ဘုံရောက်ခြင်းသည် မာန (ထောင်လွှားမှု) ကြောင့်ဖြစ်ပြီး ၄င်းမာနဆို သောအကြောင်းကို သတ်မှသာလျှင် အကျိုး အသူရကာယ်ဘုံ မရောက်ခြင်း ဖြစ်ပေသည်။

(၄) ငရဲဘုံရောက်ခြင်းသည် ဒေါသ (ကြမ်းတမ်းခက်ထန်) ကြောင့်ဖြစ်ပြီး ၄င်းဒေါသဆိုသော အကြောင်း ကို သတ်မှသာလျှင် အကျိုးငရဲဘုံ မရောက် ခြင်း ဖြစ်ပေသည်။
အပါယ်လေးပါးမှ လွတ်ချင်ပါ၏လို့ ဆုတောင်းနေရုံဖြင့် အပါယ်မှမလွတ်နိုင် အပါယ်ရောက်စေနိုင်သော လောဘ ဒေါသ မောဟ မာန တို့ကို ကိုယ်တိုင် လေ့ကျင့်ပယ်သတ်မှသာလျှင် လွတ်နိုင်ပေမည်။

(ခ) ကပ်သုံးပါးဘေးမှလွတ်ရန်ကား
ကပ်သုံးပါး၏ အဓိပ္ပာယ်နှင့် ကပ်ဘေးကို ဖြစ်စေနိုင်သော အကြောင်းတရား (မီး) ကို သိရန်လိုအပ်ပြီး အကြောင်းကို ခေတ္တထိန်းနိုင်သော တရားနှင့် အကြောင်းတရား (မီး) ကို အငုတ်ပြုတ်စေနိုင်သော တရားကို သိရှိလေ့ကျင့်ရန် လိုအပ်ပေသည်။
 

ကပ်သုံးပါး

ဖြစ်စေသော အကြောင်း
(မီး)

ခေတ္တထိန်း

၁။ ဒုဗ္ဘိက္ခန္တရကပ်
   (ငတ်မွတ်ဘေး)

လောဘ

ဒါန

၂။ သတ္ထန္တရကပ်
   (သတ်ဖြတ်ဘေး)

 ဒေါသ

 သီလ
(ကာယ၀စီစောင့်ထိန်း)

၃။ ရောဂန္တရကပ်
   (ရောဂါဘေး)

မောဟ

ဘာဝနာ
 (အဖန်တလဲလဲရှုမှတ်ပွားများ)


- ငတ်မွတ်ဘေး (ကပ်) ဖြစ်ရခြင်းသည် လောဘအကြောင်းကြောင့်ဖြစ်ပြီး ၄င်းလောဘမီးကို ခေတ္တခဏအားဖြင့် ဒါနပြုခြင်းဖြင့် ထိန်းထားနိုင်သည်။ သတ်ဖြတ်ဘေး (ကပ်) သည် ဒေါသကြောင့်ဖြစ်ပြီး ၄င်းဒေါသကို ခေတ္တခဏအားဖြင့် သီလဖြင့် ထိန်းထားနိုင်သည်။ ရောဂါဘေး (ကပ်) သည် မောဟကြောင့် ဖြစ်ပြီး ၄င်းမောဟကို ခေတ္တခဏအားဖြင့် ဘာဝနာဖြင့် ထိန်းထားနိုင်သည်။

- ကပ်သုံးပါးစလုံး အငုတ်ပြုတ်နိုင်ရန်ကား ၀ိပဿနာ၊ ဘာဝနာ (အနိစ္စ၊ ဒုက္ခ၊ အနတ္တ) ရှုမှတ်ပွားများ နေရမည်ဖြစ်သည်။

- ကပ်သုံးပါးမှ လွတ်မြောက်ချင်ပါ၏လို့ ဆုတောင်းနေရုံမျှဖြင့် ကပ်သုံးပါးမှ မလွတ်နိုင်၊ ကပ်သုံးပါးကို ဖြစ်စေသော လောဘမီး ဒေါသမီး မောဟမီး တို့ကို မိမိကိုယ်တိုင်လည်း လေ့ကျင့်ပြီး ပယ်သတ်၊ အားလုံး သော သတ္တ၀ါအပေါင်းတို့မှလည်း လေ့ကျင့်ပြီးပယ်သတ်နိုင်ကြမှသာလျှင် ကပ်ဘေးတို့မှ လွတ်မြောက် နိုင်ပေမည်။
 

ဒုစရိုက်/သုစရိုက်
ဒုစရိုက် (၁၀) ပါး (ဒု = မကောင်းသော၊ စရိုက် = အကျင့်)

(က) ကာယကံ (၃) ပါး
(၁) သတ် (သတ္တ၀ါများ)
(၂) ခိုး (တစ်ပါးသူပိုင်ပစ္စည်း)
(၃) ဖောက်ပြန် (ကာမဂုဏ်)

(ခ) ၀စီကံ (၄) ပါး
(၁) လိမ် (မဟုတ်မမှန်ပြောခြင်း)
(၂) ကုန်းတိုက် (ညီညွတ်မှုပြိုကွဲစေခြင်း)
(၃) ကြမ်းတမ်း (ဆဲရေးတိုင်းထွာခြင်း)
(၄) အချည်းနှီး (အကျိုးမရှိသောစကားပြောခြင်း)

(ဂ) မနောကံ (၃) ပါး
(၁) အဘိဇ္ဈာ (သူတစ်ပါးပစ္စည်း မတရား ရစေလိုခြင်း)
(၂) ဗျာပါဒ (သူတစ်ပါးကိုသေကြေပျက်စီးစေလိုခြင်း)
(၃) မိစ္ဆာဒိဋ္ဌိ (အယူမှားခြင်း) ၁

ဒုစရိုက် (၁၀) ပါး ပွား (၄၀)
(၁) ကိုယ်တိုင်ကျူးလွန် (၁၀) ပါး
(၂) သူတစ်ပါးအားစေခိုင်း (၁၀) ပါး
(၃) သွယ်ဝိုက်အားပေး (၁၀) ပါး
(၄) ၀မ်းမြောက် (၁၀) ပါး
သုစရိုက် (၁၀) ပါး (သု = ကောင်းသော၊ စရိုက် = အကျင့်)
 

(က) ကာယကံ (၃) ပါး
(ခ) ၀စီကံ (၄) ပါး
(ဂ) မနောကံ (၃) ပါး

ဒုစရိုက် (၁၀) ပါးကိုရှောင်ကြဉ်ခြင်းသည်
သုစရိုက် (၁၀) ပါး ဖြစ်သည်။


သုစရိုက် (၁၀) ပါးလည်းပွားလျှင် (၄၀) ရသည်။
(၁) ကိုယ်တိုင်
(၂) စေခိုင်း
(၃) အားပေး
(၄) ၀မ်းမြောက်


မှတ်ချက်
၎င်းဒုစရိုက်/သုစရိုက်တို့သည်လည်း ပါးစပ်ဖျားဖြင့် ပြောနေဟောနေရုံမျှဖြင့် အဓိပ္ပာယ်မပြည့်စုံဘဲ ဒုစရိုက်ကို ကိုယ်တိုင်လုံးဝရှောင်ကြဉ်ကြပြီး သုစရိုက် ကို လက်တွေ့လေ့ကျင့်လုပ်ဆောင်ကြပြီး မိမိနှင့် အများအကျိုး ဆောင်ရွက်နိုင်မှသာလျှင် ဗုဒ္ဓအလိုတော်ကျ ဆောင်ရွက်ခြင်းဖြစ်သည်။
 

ဗြဟ္မစိုရ် (၄) ပါး

မေတ္တာ   = တစ်ပါးသူအား ကောင်းစေချင်သော စေတနာအပြုမြင်ဝါဒ (တန်းတူတွေ့လျှင် မေတ္တာ မပွားနိုင်က ပြိုင်တတ်သည်။)
ကရုဏာ  = တစ်ပါးသူအား ၀ဋ်ဒုက္ခဘေးဆင်းရဲတို့မှ လွတ်မြောက်စေလိုသော စေတနာ (ကိုယ့်အောက်နိမ့်လျှင် ကရုဏာမထားနိုင်က နိုင်တတ်သည်)
မုဒိတာ    = သူတစ်ပါးကောင်းစားတာ ၀မ်းမြောက်ခြင်း (ကိုယ့်ထက်သာလျှင် မုဒိတာမပွားနိုင်က ငြူစူစောင်းမြောင်း တတ်သည်။)
ဥပေက္ခာ  = ချစ်လည်းမချစ်၊ မုန်းလည်းမမုန်းခြင်း ( လစ်လျူရှုခြင်း ) ( သတ္တ၀ါအားလုံးတို့သည် မိမိပြုသော ကံအတိုင်းကိုသာ မိမိရကြသည်)
 

မှတ်ချက်
ဗြဟ္မစိုရ်တရားလေးပါးသည် နတ်လူသတ္တ၀ါ အားလုံးတို့၏ ချစ်ဆေးဖြစ်ပြီး ပါးစပ်ဖျားမှပြောနေရုံမျှဖြင့် မပြည့်စုံနိုင်ပေ။ နေ့စဉ်မိမိတို့၏ ရုပ်ခန္ဓာကိုယ် ကြီးကို ပြုပြင်ပေးနေရသကဲ့သို့ မိမိတို့၏ စိတ်ထားကိုလည်း ဗြဟ္မစိုရ် တရားလေးပါးပြည့်စုံအောင် နှလုံးသွင်းပြီး ကိုယ်တိုင်လေ့ကျင့်ပြီး အသုံးချကြ မှသာလျှင် ငြိမ်းချမ်းသာယာသော လောကကြီး ဖြစ်လာပေလိမ့်မည်။

ပုညကြိယာ (၁၀) ပါး
ကောင်းမှု - ကုသိုလ်- ပုည - ပုန်း - ဘုန်းသို့ အဆင့်ဆင့်ကူးပြောင်း ခေါ်ဝေါ်လာကြရာ ယခုအခါ ဘုန်းကြီး သည်ဆိုလျှင် လူတိုင်းနှစ်သက်ကြပေရာ ကောင်းမှုများခြင်းသည်သာ ဘုန်းကြီးကြကြောင်း သိအပ်ပေသည်။
(က) ဒါန
(၁) ရိုးရိုးဒါန (လှူဒါန်းခြင်း)
(၂) ပတ္တိဒါန (အမျှပေးခြင်း)
(၃) ပတ္တာနုမောဒနာ (သာဓုခေါ်ခြင်း)

(ခ) သီလ
(၁) ရိုးရိုးသီလ (ကာယနှင့်ဝစီစောင့်ထိန်းခြင်း)
(၂) အပစာယန (ရိုသေခြင်း)
(၃) ဝေယျာဝစ္စ (လုပ်အားပေးခြင်း)

(ဂ) ဘာဝနာ
(၁) ရိုးရိုးဘာဝနာ
     (မေတ္တာဘာဝနာပွားခြင်း ဘုရားဂုဏ်တော် စသည်အာရုံပွားနေခြင်း)
(၂) ဓမ္မဿဝန (တရားနာယူခြင်း)
(၃) ဓမ္မဒေသနာ (တရားဟောပြောပြသခြင်း)
(၄) ဒိဋ္ဌိဇုကမ္မ (အယူမှန်ခြင်း)
အထက်ပါ ကောင်းမှု ၁၀ ပါး = ပုလဲရတနာ - ၁၀ ပါး သည်
- အလွယ်တကူပြုလုပ်နိုင်
- အချိန်တိုင်းမှာလုပ်နိုင်
- ပုဂ္ဂိုလ်အားလုံးနှင့်တင့်တယ်
(ရဟန်း၊ သီလရှင်၊ ယောက်ျား၊ မိန်းမ၊ ကလေး မရွေး)
- သုံးလို့မကုန်
- သူခိုးမခိုး/ဓားပြ မတိုက်နိုင်
 

မှတ်ချက်
ပုညကြိယာ (၁၀) ပါး သည်လည်း ဟောပြောနေရုံမျှဖြင့် လမ်းမဆုံးဘဲ မိမိကိုယ်တိုင်လည်းလေ့ကျင့် သူတစ်ပါးအားလုံးကိုလည်း လေ့ကျင့်ကြစေရန် စည်းရုံးတိုက်တွန်းပြီး သတ္တ၀ါအားလုံး လေ့ကျင့်အသုံးချကြမှ သာလျှင် ဗုဒ္ဓအလိုတော်ကျ အကျိုးရှိပေမည်။

ကေသမုတ္တိသုတ် (သို့) ကာလာမသုတ်
ဘုရားရှင်သည် နယ်စပ်ရွာကြီးတစ်ရွာဖြစ်သော ကေသမုတ္တိရွာကြီးသို့ ရောက်ရှိခဲ့စဉ် ၎င်းရွာကြီးတွင် ဘုရားရှင်အရှေ့ဦးစွာ တိတ္ထိပုဂ္ဂိုလ်(၆)ဦးမှ ငါဟောတာယုံ သူများပြောတာမယုံနဲ့ဆိုပြီး မှားယွင်းသော အယူဝါဒများစွာကို ဟောကြားခဲ့ပြီးဖြစ်လို့ ရွာသားများအားလုံး အယူဝါဒနဲ့ပတ်သက်ပြီး တွေဝေနေကြသောအချိန်တွင် ဘုရားရှင်မှ ကေသမုတ္တိသုတ် ကို ဟောတော်မူခဲ့သည်။

၎င်းးသုတ္တန်သည် ယနေ့ကမ္ဘာပေါ်တွင်ရှိသမျှသော အတွေးအခေါ်ပညာရှင်ကြီးများအားလုံးမှ အထူးလေးစားဆုံးနှင့် ချီးမွမ်းရဆုံးသော သုတ္တန်တစ်ခု ဖြစ်ခဲ့ပြီး
(၁) The Bravest Announcement
အရဲရင့်ဆုံးသော ကြွေးကြော်သံ
(၂) The Freedom of Though
အတွေးအခေါ်ပိုင်းဆိုင်ရာ လွတ်လွတ်လပ်လပ် တွေးနိုင်ခြင်းဖြစ်ကြောင်း မှတ်တမ်းတင်ဂုဏ်ယူနေသော သုတ္တန်ဖြစ်ပေသည်။

၎င်းသုတ္တန်တွင် အချက် (၁၀) ချက်ကို ပြခဲ့ပြီး ၄င်း (၁၀) ချက်ကို ပြခဲ့ပြီး ၎င်း(၁၀)ချက်ကို အလွယ်တကူ လက်ခံယုံကြည်ခြင်းမပြုဘဲ ခေတ္တထားပြီး သေချာစိစစ်ပြီးမှ ယုံရန်ဖြစ်သည်။
(၁) ဆင့်   - တစ်ဆင့်စကားပြောလာသောစကားကို မယုံနဲ့အုံး
(၂) ကော  - ကောလာဟလစကားကိုလည်း မယုံနဲ့အုံး
(၃) စာ     - စာအုပ်ထဲကပြောတိုင်းလည်း မယုံနဲ့အုံး
(၄) စဉ်     - အစဉ်အလာ ဘိုးဘွားစဉ်ဆက် စကားကိုလည်း မယုံနဲ့အုံး
(၅) ကူး    - ဟိုနည်းဒီနည်း နည်းကူးချပြီးလည်း မယုံနဲ့အုံး
(၆) တွေး  - အတွေးကောင်းတိုင်းမှန်တယ်ဆိုပြီးလည်း မယုံနဲ့အုံး
(၇) ဆင်   - ယုတ္တိများနဲ့ဆင်ခြင်ပေးတိုင်းလည်း မယုံနဲ့အုံး
(၈) ငါ့      - ငါ့အယူဝါဒသာမှန်တယ်ဆိုပြီးလည်း မယုံနဲ့အုံး
(၉) လေး  - လေးစားကြည်ညိုထိုက်သောသူ ပြောတိုင်းလည်း မယုံနဲ့အုံး
(၁၀) ရာ   - ငါ့ဆရာပြောတိုင်းလည်း အားလုံးမှန်ပြီလို့မယုံနဲ့အုံး

မည်သည့်အယူဝါဒဖြစ်စေ ကိုယ်တိုင်သာလျှင် သိအောင်လုပ်ကြ ကိုယ်တိုင် လက်တွေ့လုပ်ကြည့်လျှင် မှား/မှန်၊ ဆိုး/ကောင်း ကို ကိုယ်တိုင်သိမြင် ပြီးမှ လက်ခံယုံကြည်ကျင့်သုံးကြရန် ဖြစ်ပေသည်။
 

ဆောင်ရန် နှင့် ရှောင်ရန်
(က) မိမိအကျိုးရှိ အများအကျိုးရှိဆိုလျှင် လုပ်ပါ။
(ခ) ပညာရှိသူတော်ကောင်းများက ချီးကျူးလျှင် လုပ်ပါ။

(က) ဆောင်ပါ
(၁) မိမိအကျိုးရှိ/အများအကျိုးရှိ (အကောင်းဆုံး)
(၂) အများအကျိုးရှိ/မိမိဘာမှမရှိ (ဒုတိယအကောင်းဆုံး)

(၃) မိမိအကျိုးရှိ/အများဘာမှမရှိ (တတိယအကောင်းဆုံး)

ရှောင်ပါ
(၁) မိမိထိခိုက်/အများလည်းထိခိုက် (အဆိုးဆုံး)
(၂) အများထိခိုက်/မိမိဘာမှမဖြစ် (ဒုတိယအဆိုးဆုံး)
(၃) မိမိထိခိုက်/အများဘာမှမဖြစ် (တတိယအဆိုးဆုံး)

(ခ) ပညာရှိသူတော်ကောင်းများက ချီးကျူးလျှင် လုပ်ပါ။ ကဲ့ရဲ့လျှင် ရှောင်ပါ။ သူယုတ်မာများ၏ ကဲ့ရဲ့မှုကို ဂရုစိုက်ရန် မလိုပါ။

ကြိုတင်ပြင်ဆင်ထားရန်
(က) ဆရာကောင်း အမြန်ဆုံးရှာပြီး မှန်တိုရှင်းသော နည်းလမ်းရအောင် ချဉ်းကပ်ပါ။ (သပ္ပူရိသူပနိသျှ)
(ခ) မိမိကိုယ်တိုင် နှလုံးသွင်းမှန်အောင်လေ့ကျင့်ပါ။ (ယောနိသော မနသိကာရ)

မှတ်သားသင့်သည်ဥပမာ
(၁) ဘုရားရှင်၏အနီးတွင် တစ်နေကုန်မျက်တောင်ကို မခတ်ဘဲ ဘုရားရှင်အား ရှိခိုးပူဇော်နေခဲ့သော ၀က္ကလိ ဆိုသူရဟန်းတစ်ပါး ရှိခဲ့သည်။
၎င်းရဟန်းအား ဘုရားရှင်မှ ငါ၏အသုဘခန္ဓာကြီးအား ရှိခိုးနေ၍ အကျိုးမရှိ ငါခိုင်းသော တရားများကို လေ့ကျင့်ရှုမှတ်ပါဟု စေခိုင်းခဲ့သည်။ သို့သော် ၄င်းရဟန်းမှ မကျင့်သည့်အတွက် နောက်တစ်ကြိမ်တွင် ဘုရားရှင်က သူ၏ကျောင်းတိုက်မှ နှင်ထုတ်ခဲ့လေသည်။
(ဘုရားရှင်၏အလိုတော်ကျ ရှိခိုးနေရုံမျှကို မနှစ်သက်တရားတော်များအား လေ့ကျင့်ရှုမှတ်ရန် ကိုသာ စေခိုင်းခဲ့ခြင်း ဖြစ်သည်။)

(၂) ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်ကပေါဋ္ဌိလဆိုသော မထေရ်ကြီးတစ်ပါးရှိခဲ့သည်။ ၄င်းမထေရ်ကြီးသည် လွန်ခဲ့သောဘုရား (၇) ဆူတို့ လက်ထက်တုန်းကလည်း ပိဋကတ်သုံးပုံဆောင်ပြီး ယခုဘုရားရှင်ခေတ် မှာလည်း ပိဋကတ်သုံးပုံဆောင်ပြီး တပည့်ရဟန်း (၅၀၀) စီရှိသော ဂိုဏ်းကြီး (၁၈) ဂိုဏ်းတို့အား စာပေ ပို့ချသင်ကြာားပေနေသော်လည်း ကိုယ်တိုင်မကျင့်ခဲ့ပေ။

သို့သော်လည်း မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်၊ နိဗ္ဗာန်ကို မမြင်မသိသောကြောင့် ဂေါတမမြတ်စွာဘုရားက တုဆီပေါဋ္ဌိလ ဟူ၍ ကဲ့ရဲ့တော်မူခဲ့သည်။ ထိုအခါ ပေါဋ္ဌိလကြီးသည်အလွန်ရှက်သဖြင့် တောကျောင်း တစ်ခု၌ (၇)နှစ်အရွယ် ရဟန္တာသာမဏေငယ်ထံမှာ ကမ္မဋ္ဌာန်းတရားကို သင်ယူအားထုတ် သည့် အခါမှ သာလျှင် မိမိတွင် စာမာန် (မာန)ခံနေပြီး ကိုယ်တိုင်မကျင့်၍ ရဟန္တာမဖြစ်ကြောင်း အားနည်းချက်ကို သိမြင်ပြီးကျင့်လိုက်သည့် အခါမှသာ လျှင် ရဟန္တာကြီးဖြစ်သွားခဲ့ပါသည်။

(ဘုရားရှင်၏အလိုတော်ကျသည် စာတတ်နေရုံမျှ လမ်းမဆုံး ၊ ကိုယ်တိုင် ခန္ဓာမှာ တရားကျင့်ပြီး သိမြင်ရန်ကိုသာ နှစ်သက်တော်မူ ပေသည်။)

ကံအကျိုးပေးနှင့်ဥာဏ်အကျိုးပေးခြားနားပုံ
- ကံအကျိုးပေး (၃) မျိုးဖြစ်သော ဒါန၊ သီလ၊ သမထဘာဝနာတို့သည် လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာတို့ကို အကျိုးပေးရှိသလောက် အကျိုးပေးနိုင်ကြပြီး အကျိုးပေးပြီးလျှင် ကုန်ကုန်သွားကြ၍ သုံးလေ ကုန်လေ အောက်သို့ ပြန်ဆင်းကြပေသည်။

- ဥာဏ်အကျိုးပေး ၀ိပဿနာဘာဝနာသည် အကျိုးပေးရှိသလောက် သုံးလေ တိုးလေ အပေါ်သို့တက်၍ အဆုံးတွင် မြတ်နိဗ္ဗာန်သို့ မျက်မှောက်ပြုပေ သည်။
 

 

Email :  Admins@theravada-3p.org
URL   :   www.theravada-3p.org
Tel : 01 - 382 111

   Contact Us 
တိပိဋက ဓမ္မရက္ခိတ ဗိမာန်တော်
အမှတ်(၁၅)၊ ကြားတောရလမ်း၊ဗဟန်းမြို့နယ်
(ရွှေတိဂုံဘုရားရှေဘက်ကြေးသွန်းဘုရားကြီးအနီး) ရန်ကုန်။

 
 

Copyright © 2007 www.theravada-3p.org

Created by CREATiVE Web Studio

blog counter