www.theravada-3p.org


 Home

 
About Us

 
Vipassana

 
Knowledge


Forum


Contact Us 

Download Myanmar Font

 


အပါယ်ပိတ် တရား


ဓမ္မ ၏ ပင်ကိုယ်သတ္တိ

အပါယ်သို့ ကျရောက်ပုံ

လူ့ဘ၀ရခဲခြင်းနှင့် သံသရာ ရှည်လှပုံ

ဝိပဿနာ အဓိပ္ပါယ်

ဝိပဿနာ ကို ဘာကြောင့်အားထုတ်သင့်သလဲ

အပါယ်ပိတ်အောင် ကြိုးစားကြဖို့ တိုက်တွန်းခြင်း

အရိယာပုဂ္ဂိုလ် ဖြစ်ပုံ

ပညတ် ပရမတ်(ပရမတ္ထ)

အပါယ်ပိတ်တရား ( Video )

無幸処(悪趣)の門を閉じる法 

 


ဗုဒ္ဓသာသနာတော်သည် သန့်  ရှင်းပါမှ

တည်
  တံ့ပြီး
တည်တံ့ပြီးမှ သာလျှင်

ပြန့်  ပွား  နိုင်မည်။

အပါယ်ပိတ် တရား
 

အပါယ်ပိတ်အောင် ကြိုးစားကြဖို့ တိုက်တွန်းခြင်း

ဝိပဿနာ အားမထုတ်ကြခြင်းမှာ အားထုတ်နည်းကို မှန်ကန်လွယ်ကူသောနည်းဖြင့် မသိရှိကြခြင်းပင် ဖြစ်သည်။ အကြောင်းရင်းမှာ လူအများက ခက်ခဲသည်ဟု ထင်နေခြင်းပင်ဖြစ်သည်။သတိပဌာန်တရား (၄)ပါးတွင် ကာယာနုပဿနာမှာ အပိုင်း(၆)ပိုင်း၊ ဝေဒနာမှာ (၉)ပိုင်း၊ စိတ္တာမှာ (၁၆)ပိုင်း၊ ဓမ္မာမှာ (၅)ပိုင်း၊ အားလုံး (၃၆)ပိုင်းရှိသည်။ကာယာနုပဿနာ သတိပဌာန်ကို အထူးပြုပြီး ရှုမှတ်မည်ဖြစ်လို့ ပထမအနေနှင့် အာနာပါနပဗ္ဗမှ "အာနာ ပါနကမ္မဋ္ဌာန်း" ကို ရှုခြင်းဖြစ်သည်။"အာန"မှာ "ထွက်လေ"၊ "အပါန"မှာ "၀င်လေ"၊ အာနနှင့် အပါန ပေါင်းလိုက်သည့်အခါ အာနာပါန ဖြစ်သွားသည်။ ထွက်လေ၊ ၀င်လေကို သတိကပ်ပြီးသတိပဋ္ဌာန် ပွားများနေလျှင် ကာယာ နုပဿနာ သတိပဌာန်၊ "အာနာပါနပဗ္ဗ"ဖြစ်သည်။ ထွက်လေ၊ ၀င်လေကို သိနေလျှင်ပင် သမာဓိအား ကောင်းလာပါတော့သည်။ ထိုင်ပုံထိုင်နည်း (သီးသန့်တရား ထိုင်နည်းစာရွက်ရှိသည်) စနစ်တကျသင်ပြီးလျှင် ခန္ဓာကိုယ်ကို တာရှည်ထိုင်နိုင်သည့် အနေအထားဖြစ်အောင် လုပ်ယူရမှာ ဖြစ်သည်။ တရားအားထုတ်သူ၏ ခန္ဓာကိုယ်မှာ ဓာတ်ကြီး(၄)ပါးနှင့် ပေါင်းစပ်ထားသည်။ ဓာတ်(၄)ပါးတို့အချင်းချင်း တစ်ပါးနှင့်တစ်ပါး ဒွန်တွဲ၍ လွန်ဆွဲရာကနေ အားပြိုင်လာပြီး အားကြီးသည့် ဓာတ်တစ်ပါးက ဦးဆောင်တက်လာသည့်အခါ ၎င်းဓါတ်၏ မူပိုင်သဘာဝလက္ခဏာများပေါ်လာသည်။
 

ခြေထောက်ထုံကျင်လာလျှင် "ပထ၀ီ ဓာတ်၏ သဘာဝလက္ခဏာ"၊ တင်ပါးပူလာလျှင် "တေဇော"၊ ရင်ဘတ်ကကြပ်လာလျှင် "အာပေါ"၊ ခန္ဓာကိုယ်က လှုပ်ရမ်းလာလျှင် "၀ါယော"ဖြစ်သည်။ ထိုဓာတ်လေးပါး "ဖောက်ပြန်ခြင်း"ကို "ငါ့ခြေထောက်ထုံတယ်" လို့မှတ်နေသမျှ အပါယ်ဆင်းမည်ဖြစ်သည်။ "ငါ"သည် မိစ္ဆာဒိဋ္ဌိ၊ "ခြေထောက်"သည် မိစ္ဆာဒိဋ္ဌိ၊ "ထုံနာတာ"သည်လည်း မိစ္ဆာဒိဋ္ဌိ၊ စုစုပေါင်း မိစ္ဆာဒိဋ္ဌိ သုံးထပ်ကွမ်းနှင့် အမှတ်မှားနေသမျှ အပါယ်ဆင်းမည်ဖြစ်သည်။
 

ထိုကဲ့သို့ "ခြေထောက်ထုံတယ်၊ တင်ပါးပူတယ်၊ ရင်ထဲကြပ်တယ်၊ မျက်နှာယားတယ်" စသည်တို့ကို "ဝေဒနာ"ဟု တစ်လုံးတည်းမှတ်နေခြင်းသည် ဘုရားရှင် ခေါ်ဝေါ်သမုတ်ခဲ့သည့် "၀ိဇ္ဇာမာနပညတ်"ဖြစ်ပြီး "ဝေဒနာသညာ"ပေးသည်ဟုခေါ်သည်။ ဝေဒနာတစ်လုံးတည်းမှတ်လိုက်သည့်အခါ ခြေ ထောက်ထုံလည်း ဝေဒနာ၊ တင်ပါးပူလည်း ဝေဒနာ၊ လှုပ်လာတာလည်း ဝေဒနာ၊ ရင်ဘတ်ကြပ်တာလည်း ဝေဒနာ၊ ဝေဒနာ တစ်လုံးတည်း မှတ်ရမည်။

ထိုကဲ့သို့ပင် ဒွာရ ခြောက်ပါးမှ မြင်ခြင်း၊ ကြားခြင်း၊ နံခြင်း၊ အရသာရှိခြင်း၊ ထိခြင်း၊ သိခြင်း အားလုံး ကိုလည်း ဝေဒနာဟုမှတ်ရမည်။ ခန္ဓာကိုယ်၏ မည်သည့်နေရာက ဖောက်ပြန်သည်ဖြစ်စေ အားလုံးတို့ ဝေဒနာပင် ဖြစ်သည်။

ထို ဝေဒနာတစ်လုံးတည်းအပေါ်မှာ တစ်စိတ်ထဲတည်အောင် ထားလိုက်ခြင်းသည် "သမထ"ပင် ဖြစ်သည်။ ၀ိပဿနာ မကူးသေးပေ။ထိုကဲ့သို့ တစ်စိတ် ထဲကျလာခြင်းကို "ဧကောဓမ္မော" "ဧကဂ္ဂတာ"ကျသည်ဟုခေါ်သည်။ ထိုဝေဒနာကိုစောင့်ကြည့်သည့်အခါ တဖြည်းဖြည်းနှင့် ကြမ်းတက်လာကာ ဝေဒနာ၏အစ၊ ဝေဒနာ၏ အလယ်၊ ဝေဒနာ၏ အဆုံးကို တွေ့ပေမည်။ ဝေဒနာ တက်လာလျှင် "အာနာပါနဈာန်" ရှုတာလေးကို တင်ပေးခြင်းဖြင့် ဝေဒနာပေါ်မှာသည်းခံပြီး ရှုမှတ်ရမည်ဖြစ်သည်။ တချို့က ဝေဒနာကိုကြောက်ပြီး ဖြုတ်ပစ်ချင်စိတ်ပေါ်လာသည်။ ဝေဒနာတက်လျှင် အရှူကိုတင်ပေးပြီး၊ ဝေဒနာ ကျလျှင် အရှူကိုလျှော့ပေးရမည်ဖြစ်သည်။ ထိုကဲ့သို့ပင် ဝေဒနာ တစ်လုံး၏ အစပြီးအလယ်၊ အလယ်ပြီးအဆုံး၊ ဖြစ်ပြီးတည်၊ တည်ပြီးပျက်၊ ပါဠိလို ဥပါဒ်၊ ဋ္ဌီ၊ ဘင် (ဖြစ်/တည်/ ပျက်)ဖြစ်ပြီး ပျက်သွားတာလေးကို တွေ့လာလိမ့်မည်။ တစ်ထိုင်တည်းနှင့် တွေ့နိုင်သည်။

 
ဖြစ်သဘော ပျက်သဘောကို တွေ့သွားသည့် ယောဂီသည် ၀ိပဿနာဉာဏ်ရရှိပြီး ရှုမှတ်လို့ အပျက် တစ်ကြိမ်တွေ့သော ပုဂ္ဂိုလ်သည် စိတ္တသင်္ခါရ တစ်ကြိမ်ချုပ်သောပုဂ္ဂိုလ်ဖြစ်ပြီး ဥဒယဗ္ဗယဉာဏ်ဆိုသည့် ၀ိပဿနာ ဉာဏ် ရရှိသည့်အတွက် ယခုတစ်ဘ၀အတွက် အပါယ်တံခါးပိတ် သွားပါသည်။

တစ်ထိုင်တည်းနှင့်ဖြစ်ခြင်းသဘော ပျက်ခြင်းသဘောကို မြင်သွားသည်နှင့် - အပါယ်တံခါးပိတ်ပါသည်။

 
ထို့ကြောင့် ယောဂီအပေါင်းတို့လည်း ဓမ္မ၏ပင်ကိုယ်သတ္တိကိုသိပြီး၊ အပါယ်ကျရောက်ပုံကို သိရှိပြီး၊ လူ့ဘ၀ရခဲလှခြင်း၊ အပါယ်ကျရောက်ပုံကို သိရှိပြီး၊ လူ့ဘ၀ရခဲလှခြင်းအကြောင်းကို နားလည်သဘောပေါက်ကာ ၀ိပဿနာ အားထုတ်သင့်သည့် အကြောင်းရင်းကို တွေ့ရှိပြီး အပါယ်ဘေး ကနေ လွတ် မြောက်အောင် ကြိုးစား ကြဖို့ အထူးတိုက်တွန်းလိုက်ရပါသည်။ အပါယ်ပိတ်ပြီးနောက် ၀ိပဿနာ ဉာဏ်စဉ်အဆင့်ဆင့် ရင့်သန်လာပြီးနောက် ဝေဒနာ တစ်လုံး၏ ဖြစ်ပျက်မြင်ရာမှ ဖြစ်ပျက်မုန်းလာပြီး နောက်ဆုံး ဖြစ်ပျက်ဆုံးသည့်အချိန်တွင် ဝေဒနာသညာ မှတ်နေရာမှဝေဒနာပညာ ဖြစ်လာကာသဘော ဆိုက်လေတော့သည်။ ဝေဒနာ ဆိုသည်မှာ " ခံစားမှု ဆိုသောသဘော" ဟု ထိုးထွင်းသိမြင်ပြီး ပရမတ္တသဘော ဆိုက်လာကာ အသိထူးရရှိသွားခြင်းဖြစ်သည်။


"ဒုက္ခလက္ခဏာ"ကို "ဣရိယာပထ"က ဖုံးထားသ၍ "ဒေါသ"ဖြစ်ပေါ်နေမည်ဖြစ်လို့ "ဣရိယာပထ"(သွား၊ ရပ်၊ ထိုင်၊ လျောင်း)ကို လုံးဝမပြင် တော့ဘဲ ဒုက္ခလက္ခဏာကို ထင်ရှားအောင် ရှုမှတ်ပြီး "ဒုက္ခလက္ခဏာ"အကြောင်းကုန်စင်အောင် သိမြင်သွားမှသာလျှင် "ပုဂ္ဂလပညတ်"နှင့် "နာမပညတ်"ကို ပယ်ပြီး အောက်သံယောဇဉ် (၃)ပါးဖြစ်သော မိစ္ဆာဒိဋ္ဌိ (အယူမှား အမှတ်မှားခြင်း)၊ ၀ိစိကိစ္ဆာ (ယုံမှားသံသယဖြစ်ခြင်း)၊ သီလဗ္ဗတ ပရာမာသ (အကျင့်အပေါ်တွင် မှားယွင်းသော သုံးသပ်ခြင်း)တို့ကို အပြီးတိုင် ပယ်သတ်ပြီးသော ပုဂ္ဂိုလ်သည် သောတာပန် (ပထမမဂ်ကျသော ပုဂ္ဂိုလ်) ဖြစ်ပေသည်။ ထို့နောက် တစ်မဂ်ပြီးတစ်မဂ် မြင့်သထက်မြင့်အောင် ဆက်လက်ရှုမှတ်နည်းကို ပူးတွဲပါ အရိယာပုဂ္ဂိုလ် ဖြစ်ပုံဇယားတွင် လေ့လာရှုမှတ် ခြင်းဖြင့် အပါယ်ပိတ်သည့်အပြင် နိဗ္ဗာန် ထိတိုင် မျက်မှောက်ပြုနိုင်အောင် ကြိုးစားကြပါစို့ဟု တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါသည်။
 

အရိယာပုဂ္ဂိုလ်ဖြစ်ပုံ.

လက္ခဏာ (၄)ပါး
အနိစ္စ
ဖုံးထား
သန္တတိ  
ဖြစ်ပေါ်
မာန
ပညတ်ပယ်
သန္တတိ
(သံယောဇဉ်(၁၀)ပါးစလုံးပယ်)
အရိယာပုဂ္ဂိုလ်
ရဟန္တာ
အနတ္တ ဃန မောဟ  ဃန
(အောက်သံယောဇဉ်(၅)ပါးပယ်)
အနာဂါမ်
အသုဘ သုဘ  လောဘ   သဏ္ဍန
(အလယ်သံယောဇဉ် (၂)ပါး ခေါင်းပါးပြီးအောက်သံယောဇဉ် (၃)ပါးပယ်)
သကဒါဂါမ်
        ဒုက္ခ    ဣရိယာပထ ဒေါသ ပုဂ္ဂလ/နာမ
(အောက်သံယောဇဉ်(၃)ပါးပယ်)
သောတာပန် 


 

Email :  Admins@theravada-3p.org
URL   :   www.theravada-3p.org 
Tel : 01 - 704 780, 727 223

   Contact Us 
လှည်းကူးမြို့နယ်၊ ငါးဆူတောင် ရပ်ကွက်၊
ငါးဆူတောင်ကျေးရွာ၊ မြင့်မြတ်အလင်း ရိပ်သာ။
 

 
 

Copyright © 2007 www.theravada-3p.org

Created by CREATiVE Web Studio

blog counter